/
Notting Hill 1999

Notting Hill 1999



Genre: , , Director: Actors: , , , Country: , Released: 28 May 1999 Score: 7.1 Duration: 124 min Quality: 1080p BRrip, 720p BRrip Years: View: 1,258

#Unicode

Notting Hill (1999)
___________________

မြန်မာစာတန်းထိုး
______________

ဒီဇာတ်ကားကိုတော့ ဘာသာပြန်အသစ်ကလေးဖြစ်တဲ့ Yoon Nadi Maung ကဘာသာပြန်ပေးထားတာဖြစ်ပါတယ်။

Translated By Yoon Nadi Maung And Encoded By Lin Htike Aung

Download Type – Megaup, Archive, Filerocks, Gofile
Download Size – 1080p BRrip (1.89GB), 720p BRrip (1.02GB)
Download Link – First Comment

IMDb – 7.1/10

Genres: Comedy | Drama | Romance

“အထက်နဲ့အောက် …
ကောင်းကင်နဲ့မြေကြီး …
မင်းဟာ စင်ဒရဲလားလေးဆို ကိုယ်ဟာ အချိန်တန်ရင်ကြွက်ကလေးပြန်ဖြစ်သွားမယ် ဒရဲအိုကြီး။
မင်းကိုဆို လူတိုင်းက သိကြတယ်။ မင်းနာမည်ကိုဆို တကမ္ဘာလုံးက မိုးကောင်ကင်ကြီးပေါက်ကွဲမတတ်အောင် အော်ကြလိမ့်မယ်။ ကိုယ့်နာမည်ကိုကျ ကိုယ့်အမေတောင် တစ်ခါတလေကျရင် မေ့နေတတ်တာမျိုးပေါ့ အန်နာ”

Notting Hill ကတော့ အားလုံးသိတဲ့ မမေ့နိုင်တဲ့ British Romance-Comedy ရုပ်ရှင်လေးပါ။
Notting Hill ကိုရေးခဲ့တဲ့ Curtis တစ်ယောက် တစ်ရက် သူ့အိမ်ရဲ့မျက်နှာကျက်ကိုကြည့်ရင်း စဉ်းစားနေတုန်း ရခဲ့တဲ့ အတွေးတစ်ခုဟာ ပရိသတ်တွေရဲ့ ရင်ဘတ်ထဲမှာ အခုဆိုရင် နှစ်၂၀ တိတိရှိပြီဆိုတာ ဘယ်သူယုံနိုင်မှာတုန်း။
သူစဉ်းစားတာကတော့ ရှင်းရှင်းလေးပါ။ အမြင့်ဆုံး လူတန်းစားဘဝနဲ့ အနိမ့်ဆုံးတို့ နှစ်ယောက်ကိုတွဲပေးဖို့ပါဘဲ။ ဘဝကြီးကို ရောင့်ရဲပြီးနေတတ်တဲ့ လူရိုးကြီးရယ် ကြီးကြီးတတ်
အောင်မြင်နေတဲ့ ခေတ်ပေါ်မင်းသမီးလေးရယ်ရဲ့ ခပ်မြူးမြူး ခပ်ဆွေးဆွေး အချစ်ဇာတ်လမ်းလေးဆိုပါစို့ …. ။

ဒီရုပ်ရှင်ကို အချစ်ဇာတ်လမ်းသက်သက် ဖြစ်သွားစေတာကတော့ အဓိကဇာတ်ဆောင် မင်းသား မင်းသမီးအပြင် တခြားဇာတ်ဆောင်တွေက သူတို့ရဲ့ ၃၆၀ဒီဂရီလည်နေတဲ့ အပြာရောင်တံခါးကလေးကစတဲ့ အချစ်ပုံပြင်လေးမှာ သိပ်အရေးမပါတာကြောင့်ဘဲ
အချစ်ဇာတ်လမ်းစစ်စစ်ကိုခံစားရတာလို့ပြောလည်းမမှားဘူးဗျ။

အဓိကအနေနဲ့ကတော့ မင်းသား William Thacker အဖြစ် Hugh Grant ရယ် Anna Scott အဖြစ် Julia Roberts (ကိုယ့်အကြိုက်ဆုံးမှ အကြိုက်ဆုံးမင်းသမီး) တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

William Thacker

သပ်ကာအဖြစ်သရုပ်ဆောင်ထားတဲ့ Hugh Grant ဟာ ဒီရုပ်ရှင်မတိုင်ခင်မှာ Four Weddings and a Funeral ဆိုတဲ့ ရုပ်ရှင်လောက်သာ လောက်လောက်လားလား ရိုက်ထားတာကြောင့် Notting Hill ဟာ သူ့ဘဝရဲ့ အချိုးအကွေ့မှတ်တိုင်တစ်ခုလို့ပြောလည်းမမှားဘူးဗျ။ သူ့အကြောင်းကိုပြောရင် ဒီရုပ်ရှင်နဲပက်သက်ပြီးဘဲ အဓိကထားပြောရမယ်ထင်တယ်။

ဒီကားထဲမှာတော့ ရိုးရိုးအအနဲ့ ဘဝကို ရောင့်ရဲတတ်တဲ့ ဈေးဦးတောင်တခါတလေမပေါက်တဲ့
ခရီးသွားစာအုပ်ဆိုင်ပိုင်ရှင် လူရိုးကြီးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ရိုးအအပုံတွေ မြင်မြင်ခြင်းချစ်မိတဲ့ Moment တွေ ကိုယ်နဲ့မတူတဲ့လူ မတန်တဲ့လူ အဆင့်အတန်းကွာတဲ့လူကို အချစ်တစ်ခုတည်းနဲ့ပေးဆပ်တာတွေ ဒါတွေဟာ ဒီဇာတ်ကားမှာ ဂရန့်ရဲ့ အကောင်းဆုံးသရုပ်ဆောင်မှုတွေပါဘဲ။

တစ်ခန်းဆိုရင် သိပ်ချစ်တဲ့ အန်နာတည်းနေတဲ့ ဟိုတယ်ခန်းထဲ အတူသွားပြီး အထဲရောက်ပြီးကာမှ Anna ချစ်သူနဲ့တွေ့တဲ့ ဇာတ်ဝင်ခန်း …. Anna’s ချစ်သူက Grant ကို ဟိုတယ်ဝန်ထမ်းထင်ပြီး မတူသလို မတန်သလိုဆက်ဆံတာကို
Follow လိုက်ခဲ့ ဇာတ်ဝင်ခန်းမျိုးဟာ တကယ့်ရိုးမန့်စ်ဇာတ်လမ်းတစ်ခုရဲ့ အထွတ်အထိပ်ခန်း (Climax Scene) ကို အားဖို့ပေးတဲ့ ဇာတ်ဝင်ခန်းမျိုး .. ဒီလိုဇာတ်ဝင်ခန်းမျိုးကို အလှပစွာသရုပ်ဆောင်ခဲ့တဲ့ Grant ရဲ့ သရုပ်ဆောင်မှုဟာ ပါးစပ်ကြီဟပြီး ငေးမောနေမိတဲ့အထိပေါ့ဗျာ …. ။

“မင်းကိုသိပ်ချစ်တယ်။
မင်းနဲ့တွေ့ရင် ယောက်ယက်ခတ်သွားတဲ့
ကိုယ့်ဘဝရဲ့ အချိန်တွေကိုသိပ်ချစ်တယ်။ ဘဝချင်းမတူရက်နဲ့ ချစ်ခဲ့မိတဲ့ မင်းကို ပိုလို့တောင် ချစ်သေးတယ်။ အချိန်တန်ရင် ဝေးရမှာသိလည်း ကိုယ်ဟာ အိတ်သွန်ဖာမှောက်ချစ်မိနေအုန်းမှာဘဲ အန်နာ”

Anna Scott –

Anna အဖြစ် သရုပ်ဆောင်ထားတဲ့ Julia Roberts ကတော့ သိပ်ထွေထွေထူးထူးပြောပြစရာမလိုပါဘူး။ ဒါတောင်သူနဲ့ပက်သက်ရင် ချီးမွှန်းခန်းပေါင်းများစွာ ဖွင့်လို့ရသေးတယ်။ ၁၉၉၀ လောက်ကထွက်တဲ့ Pretty Woman ဆိုတဲ့ဇာတ်ကားမှာ ဂန္ဓဝင်တွင်တဲ့ သရုပ်ဆောင်မှုမျိုးနဲ့ ပရိသတ်တိုင်းရင်ထဲအရောက်နေရာယူခဲ့တဲ့ Julia Robert ဆိုတာဟာ သူမရဲ့အပြုံးချိုချိုလေးတွေရယ် ဇာတ်ကားရိုက်ကွင်းတွေမှာ မထင်မှတ်တဲ့ ဒိုင်လော့တွေကို မတိုင်ပင်ဘဲထုတ်သုံးလေ့ရှိတဲ့အရည်အချင်းတွေကြောင့် ပရိသတ်ရင်ထဲသာမက လူတိုင်းကြိုက် မြင်သူတိုင်းကြိုက်တဲ့မင်းသမီးတစ်လက်ဆိုတာ ဘယ်သူမှငြင်းလို့ရနိုင်မှာမဟုတ်တာတော့အမှန်ဘဲ။

ဒီဇာတ်လမ်းထဲမှာလည်း ကမ္ဘာကျော်မင်းသမီးလေး Anna Scott အဖြစ်သရုပ်ဆောင်ထားတာဟာ တကယ့် Masterpiece တစ်ခုပါပဲ။ မီဒီယာရဲ့မွန်းကျပ်မှုကနေ တခနလောက်လွတ်မြောက်ဖို့ လူရိုးကြီး “သပ်ကာ”ကိုအသုံးချမိသလိုဖြစ်သွားတဲ့အခါ၊ သူ့သတင်းတွေမပြန့်ဖို့ သူ့ဂုဏ်သိက္ခာမထိခိုက်ဖို့အတွက် ‘လူအ’ကြီးကိုအသုံးချခဲ့ ဇာတ်ဝင်ခန်းတွေဟာ ဒီအချစ်ဇာတ်လမ်းကလေးရဲ့ အသက်ပါဘဲ။

“I’m just a girl, standing in front of a boy, asking him to love her.”

“အချစ်ဟာ သိပ်ရိုးရှင်းတယ် … အချစ်စစ်ဟာ ဘယ်တော့မှ မကျရှုံးဘူးတဲ့။ ဟုတ်ရဲ့လား အန်နာ”

#Review_Crd_The_Silver_Screen_ရာရာ

#Zawgyi

Notting Hill (1999)
___________________

ျမန္မာစာတန္းထိုး
______________

ဒီဇာတ္ကားကိုေတာ့ ဘာသာျပန္အသစ္ကေလးျဖစ္တဲ့ Yoon Nadi Maung ကဘာသာျပန္ေပးထားတာျဖစ္ပါတယ္။

Translated By Yoon Nadi Maung And Encoded By Lin Htike Aung

Download Type – Megaup, Archive, Filerocks, Gofile
Download Size – 1080p BRrip (1.89GB), 720p BRrip (1.02GB)
Download Link – First Comment

IMDb – 7.1/10

Genres: Comedy | Drama | Romance

“အထက္နဲ႔ေအာက္ …
ေကာင္းကင္နဲ႕ေျမႀကီး …
မင္းဟာ စင္ဒရဲလားေလးဆို ကိုယ္ဟာ အခ်ိန္တန္ရင္ၾကြက္ကေလးျပန္ျဖစ္သြားမယ္ ဒရဲအိုႀကီး။
မင္းကိုဆို လူတိုင္းက သိၾကတယ္။ မင္းနာမည္ကိုဆို တကမာၻလံုးက မိုးေကာင္ကင္ႀကီးေပါက္ကြဲမတတ္ေအာင္ ေအာ္ၾကလိမ့္မယ္။ ကိုယ့္နာမည္ကိုက် ကိုယ့္အေမေတာင္ တစ္ခါတေလက်ရင္ ေမ့ေနတတ္တာမ်ိဳးေပါ့ အန္နာ”

Notting Hill ကေတာ႔ အားလံုးသိတဲ႔ မေမ့ႏိုင္တဲ႔ British Romance-Comedy ရုပ္ရွင္ေလးပါ။
Notting Hill ကိုေရးခဲ႔တဲ႔ Curtis တစ္ေယာက္ တစ္ရက္ သူ႔အိမ္ရဲ႕မ်က္ႏွာက်က္ကိုၾကည္႔ရင္း စဥ္းစားေနတုန္း ရခဲ႔တဲ႔ အေတြးတစ္ခုဟာ ပရိသတ္ေတြရဲ႕ ရင္ဘတ္ထဲမွာ အခုဆိုရင္ ႏွစ္၂၀ တိတိရွိၿပီဆိုတာ ဘယ္သူယံုႏိုင္မွာတုန္း။
သူစဥ္းစားတာကေတာ႔ ရွင္းရွင္းေလးပါ။ အျမင္႔ဆံုး လူတန္းစားဘဝနဲ႔ အနိမ္႔ဆံုးတို႔ ႏွစ္ေယာက္ကိုတြဲေပးဖို႔ပါဘဲ။ ဘဝၾကီးကို ေရာင့္ရဲျပီးေနတတ္တဲ႔ လူရိုးၾကီးရယ္ ၾကီးၾကီးတတ္
ေအာင္ျမင္ေနတဲ႔ ေခတ္ေပၚမင္းသမီးေလးရယ္ရဲ႕ ခပ္ျမဴးျမဴး ခပ္ေဆြးေဆြး အခ်စ္ဇာတ္လမ္းေလးဆိုပါစို႔ …. ။

ဒီရုပ္ရွင္ကို အခ်စ္ဇာတ္လမ္းသက္သက္ ျဖစ္သြားေစတာကေတာ႔ အဓိကဇာတ္ေဆာင္ မင္းသား မင္းသမီးအျပင္ တျခားဇာတ္ေဆာင္ေတြက သူတို႕ရဲ႕ ၃၆၀ဒီဂရီလည္ေနတဲ႔ အျပာေရာင္တံခါးကေလးကစတဲ႔ အခ်စ္ပံုျပင္ေလးမွာ သိပ္အေရးမပါတာေၾကာင္႔ဘဲ
အခ်စ္ဇာတ္လမ္းစစ္စစ္ကိုခံစားရတာလို႔ေျပာလည္းမမွားဘူးဗ်။

အဓိကအေနနဲ႔ကေတာ႔ မင္းသား William Thacker အျဖစ္ Hugh Grant ရယ္ Anna Scott အျဖစ္ Julia Roberts (ကိုယ့့္အၾကိဳက္ဆံုးမွ အၾကိဳက္ဆံုးမင္းသမီး) တို႔က အဓိကပါဝင္သရုပ္ေဆာင္ထားပါတယ္။

William Thacker

သပ္ကာအျဖစ္သရုပ္ေဆာင္ထားတဲ႔ Hugh Grant ဟာ ဒီရုပ္ရွင္မတိုင္ခင္မွာ Four Weddings and a Funeral ဆိုတဲ႔ ရုပ္ရွင္ေလာက္သာ ေလာက္ေလာက္လားလား ရိုက္ထားတာေၾကာင္႔ Notting Hill ဟာ သူ႔ဘဝရဲ႕ အခ်ိဳးအေကြ႔မွတ္တိုင္တစ္ခုလို႔ေျပာလည္းမမွားဘူးဗ်။ သူ႔အေၾကာင္းကိုေျပာရင္ ဒီရုပ္ရွင္နဲပက္သက္ျပီးဘဲ အဓိကထားေျပာရမယ္ထင္တယ္။

ဒီကားထဲမွာေတာ႔ ရိုးရိုးအအနဲ႔ ဘဝကို ေရာင့္ရဲတတ္တဲ႔ ေစ်းဦးေတာင္တခါတေလမေပါက္တဲ႔
ခရီးသြားစာအုပ္ဆိုင္ပိုင္ရွင္ လူရိုးၾကီးတစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ထားပါတယ္။ သူ႔ရဲ႕ ရိုးအအပံုေတြ ျမင္ျမင္ျခင္းခ်စ္မိတဲ႔ Moment ေတြ ကိုယ္နဲ႔မတူတဲ႔လူ မတန္တဲ႔လူ အဆင့္အတန္းကြာတဲ႔လူကို အခ်စ္တစ္ခုတည္းနဲ႔ေပးဆပ္တာေတြ ဒါေတြဟာ ဒီဇာတ္ကားမွာ ဂရန္႕ရဲ႕ အေကာင္းဆံုးသရုပ္ေဆာင္မႈေတြပါဘဲ။

တစ္ခန္းဆိုရင္ သိပ္ခ်စ္တဲ႔ အန္နာတည္းေနတဲ႔ ဟိုတယ္ခန္းထဲ အတူသြားျပီး အထဲေရာက္ျပီးကာမွ Anna ခ်စ္သူနဲ႔ေတြ႔တဲ႔ ဇာတ္ဝင္ခန္း …. Anna’s ခ်စ္သူက Grant ကို ဟိုတယ္ဝန္ထမ္းထင္ျပီး မတူသလို မတန္သလိုဆက္ဆံတာကို
Follow လိုက္ခဲ႔ ဇာတ္ဝင္ခန္းမ်ိဳးဟာ တကယ္႕ရိုးမန္႔စ္ဇာတ္လမ္းတစ္ခုရဲ႕ အထြတ္အထိပ္ခန္း (Climax Scene) ကို အားဖို႔ေပးတဲ႔ ဇာတ္ဝင္ခန္းမ်ိဳး .. ဒီလိုဇာတ္ဝင္ခန္းမ်ိဳးကို အလွပစြာသရုပ္ေဆာင္ခဲ႔တဲ႔ Grant ရဲ႕ သရုပ္ေဆာင္မႈဟာ ပါးစပ္ႀကီဟၿပီး ေငးေမာေနမိတဲ႔အထိေပါ့ဗ်ာ …. ။

“မင္းကိုသိပ္ခ်စ္တယ္။
မင္းနဲ႔ေတြ႔ရင္ ေယာက္ယက္ခတ္သြားတဲ႔
ကိုယ့္ဘဝရဲ႕ အခ်ိန္ေတြကိုသိပ္ခ်စ္တယ္။ ဘဝခ်င္းမတူရက္နဲ႔ ခ်စ္ခဲ႔မိတဲ႔ မင္းကို ပိုလို႔ေတာင္ ခ်စ္ေသးတယ္။ အခ်ိန္တန္ရင္ ေဝးရမွာသိလည္း ကိုယ္ဟာ အိတ္သြန္ဖာေမွာက္ခ်စ္မိေနအုန္းမွာဘဲ အန္နာ”

Anna Scott –

Anna အျဖစ္ သရုပ္ေဆာင္ထားတဲ႔ Julia Roberts ကေတာ႔ သိပ္ေထြေထြထူးထူးေျပာျပစရာမလိုပါဘူး။ ဒါေတာင္သူနဲ႔ပက္သက္ရင္ ခ်ီးမႊန္းခန္းေပါင္းမ်ားစြာ ဖြင္႔လို႔ရေသးတယ္။ ၁၉၉၀ ေလာက္ကထြက္တဲ႔ Pretty Woman ဆိုတဲ႔ဇာတ္ကားမွာ ဂႏၶဝင္တြင္တဲ႔ သရုပ္ေဆာင္မႈမ်ိဳးနဲ႔ ပရိသတ္တိုင္းရင္ထဲအေရာက္ေနရာယူခဲ႔တဲ႔ Julia Robert ဆိုတာဟာ သူမရဲ႕အျပံဳးခ်ိဳခ်ိဳေလးေတြရယ္ ဇာတ္ကားရိုက္ကြင္းေတြမွာ မထင္မွတ္တဲ႔ ဒိုင္ေလာ႔ေတြကို မတိုင္ပင္ဘဲထုတ္သံုးေလ႔ရွိတဲ႔အရည္အခ်င္းေတြေၾကာင္႔ ပရိသတ္ရင္ထဲသာမက လူတိုင္းၾကိဳက္ ျမင္သူတိုင္းၾကိဳက္တဲ႔မင္းသမီးတစ္လက္ဆိုတာ ဘယ္သူမွျငင္းလို႔ရႏိုင္မွာမဟုတ္တာေတာ႔အမွန္ဘဲ။

ဒီဇာတ္လမ္းထဲမွာလည္း ကမာၻေက်ာ္မင္းသမီးေလး Anna Scott အျဖစ္သရုပ္ေဆာင္ထားတာဟာ တကယ္႔ Masterpiece တစ္ခုပါပဲ။ မီဒီယာရဲ႕မြန္းက်ပ္မႈကေန တခနေလာက္လြတ္ေျမာက္ဖို႔ လူရိုးၾကီး “သပ္ကာ”ကိုအသံုးခ်မိသလိုျဖစ္သြားတဲ႔အခါ၊ သူ႔သတင္းေတြမျပန္႔ဖို႔ သူ႔ဂုဏ္သိကၡာမထိခုိက္ဖို႔အတြက္ ‘လူအ’ၾကီးကိုအသံုးခ်ခဲ႔ ဇာတ္ဝင္ခန္းေတြဟာ ဒီအခ်စ္ဇာတ္လမ္းကေလးရဲ႕ အသက္ပါဘဲ။

“I’m just a girl, standing in front of a boy, asking him to love her.”

“အခ်စ္ဟာ သိပ္ရိုးရွင္းတယ္ … အခ်စ္စစ္ဟာ ဘယ္ေတာ့မွ မက်ရံႈးဘူးတဲ႔။ ဟုတ္ရဲ႕လား အန္နာ”

#Review_Crd_The_Silver_Screen_ရာရာ

One response to “Notting Hill 1999”

  1. Like!! Thank you for publishing this awesome article.

Leave a Reply

Your email address will not be published. Required fields are marked *