/
Notorious [Extended Edition] (2009)

Notorious [Extended Edition] (2009)



Genre: , , , Director: Actors: , , , Country: Released: 16 Jan 2009 Score: 6.7 Duration: 122 min Years: View: 6,563

ဒီတစ်ခါမှာတော့ Hip Hop ဘိုးအေကြီး
The Notorious B.I.G. ရဲ့ ဘ၀ဇာတ်​ကြောင်းကို ရိုက်ကူးပုံဖော်​ထားတဲ့ ဇာတ်​ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။

The Notorious B.I.G. ကိုတော့ Hip Hop နဲ့ နီးစပ်​တဲ့ ပရိသတ်​တွေအကုန်​ သိကြမှာပါ။
သူဟာ 90’s ခေတ်​က သျှမ်းသျှမ်းတောက်
အောင်​မြင်​ခဲ့တဲ့ Rapper တစ်​ယောက်​ဖြစ်​တယ်​။
ပေါ့ပ်​ ဘုရင်​ မိုက်​ကယ်​ဂျက်​ဆင်​နဲ့
သီချင်းအတူ လုပ်​ခွင့်​ရခဲ့တဲ့ Rapper တွေထဲက
တစ်​ယောက်​လည်း ဖြစ်​ပါတယ်​။
Tupac ကို West Side King အဖြစ်​ ဂုဏ်​ပြုမှတ်​ယူကြရင်​ The Notorious B.I.G. က East Side King ဆိုတဲ့ အမှန်​တရားကို
ငြင်းကွယ်​လို့ မရပါဘူး။

သူ့ရဲ့ Skill တွေထဲက လူအလေးစားခံရဆုံးတစ်​ချက်​က သူဟာ ရက်​ပ်​ စာသားများကို
လက်​တန်းဖန်​တီးခြင်း (သို့) Freestyle ပညာရပ်​မှာ တုန်​လှုပ်​ဖွယ်​ကောင်းလောက်​အောင်
ကျွမ်းကျင်​လွန်းလို့ပဲ ဖြစ်​ပါတယ်​။
သူ့ရဲ့ Freestyling ပညာရပ်​ဟာ ဘယ်​လောက်​တောင်​ ကျော်​ဇောခဲ့လဲဆိုရင်​ ကျန်းမာရေးသုတေသီတွေကတောင်​မှ The Notorious B.I.G. တစ်​ယောက်​ ရက်​ပ်​ စာသားတွေ လက်​တန်းဖန်​တီးနေချိန်​ ဦးနှောက်​နဲ့ ပါးစပ်​လှုပ်​ရှားမှုတွေဟာ တစ်​ချိန်​တည်းမှာ အတိမ်းအစောင်းမရှိ မည်​သို့မည်​ပုံ အလုပ်​လုပ်​ပုံကို
လေ့လာမှုတစ်​ရပ်​ ပြုလုပ်​ခဲ့ရတဲ့အထိပါပဲ။

ဒီခေတ်​လို အပွတွေဝတ်​၊
ဂုံးတံတားအောက်​တွေ သွားသွားပြီး
တစ်​ဘားနဲ့တစ်​ဘား အကူးအပြောင်းမှာ ရှေ့ဆက်​ရွတ်​ဖို့ စာသားရှာမရရင်​ ” ဟုတ်​တယ်​… ဟုတ်တယ်​” တွင်​တွင်​သုံးပြီးမှ
Freestyle ပညာရှင်​ အမည်​ခံကာ ပွဲခံပြနေတာတွေများ The Notorious B.I.G. တစ်​ယောက်​ ကြားခဲ့ရင်​ တမလွန်​ကနေ ပြန်​လာနေမိမလားပဲ။

N.W.A ခေတ်နှောင်းပိုင်း rap game ကို
West Coast ကဦးဆောင်လှုပ်ရှားနေခဲ့တယ်​။
အဲ့အချိန်မှာ East Coast ကိုကိုယ်စားပြုတဲ့
The Notorious B.I.G. ခေါ် Biggie Small ဆိုတဲ့ ချာတိတ်​တစ်​ကောင်​ ပေါ်လာခဲ့တယ်​။ Biggie က East Coast ကဆိုပေမယ့် ” The Notorious B.I.G. ” ရယ်လို့နာမည်မကြီးခင်တည်းက Tupac က သူ့ဘော်ဒါအရင်းကြီးလို ဆက်ဆံပြီး Show တွေမှာ ခေါ်ဆိုခဲ့တာပါ။

ဒီဇာတ်​ကားမှာတော့ Biggie Small ဆိုတဲ့
ချာတိတ်​တစ်​ယောက်​ရဲ့ ငယ်ဘ၀ကနေစလို့ အကြောင်းအရာတော်တော်များများကို
စုံစုံလင်လင် ရိုက်ကူးပေးထားတာပါ။
ဘော်ဒါအရင်းကြီး Tupac နဲ့စိတ်ဝမ်းကွဲတဲ့အကြောင်း၊ East Coast – West Coast တိုက်​ပွဲတွေအကြောင်း၊ အောင်မြင်လာရင်
လူတွေဖြစ်လေ့ဖြစ်​ထရှိတဲ့ ဓလေ့တွေ၊
ပရိုဂျူဆာတွေရဲ့ ငွေရပေါက်ဆီပဲ
ဦးတည်နေတဲ့ အကျင့်​စရိုက်​ထုံးစံတွေ၊
လမ်းမပေါ်ကဇယားတွေ၊
လမ်းဘေး Freestyle ပြိုင်ပွဲတွေ အကြောင်းနဲ့
Hip Hop Element စုံစုံလင်​လင်​ ထည့်​သွင်းရိုက်​ကူးထားပါတယ်​။

ဇာတ်လမ်းအကျဉ်းကတော့ ငယ်စဉ်​ကတည်းက
ပိုက်ဆံရှာချင်တဲ့ Biggie ဟာ အလွယ်လမ်းလိုက်ပြီးတော့ မူးယစ်​ဆေးဝါးရောင်းဝယ်​တာတွေ လုပ်​လာပါတယ်​၊ လမ်းမပေါ်က
စကားအတိုင်းဆိုရင်​တော့ ပစ္စည်းပစ်​တာပေါ့။
ခြေလှမ်းများလာတာနဲ့အမျှ Biggie ဟာ
နောက်ဆုံးတော့ ကြွက်တွေဆွဲစိတာ ခံလိုက်ရပါတယ်​။ ပြစ်ဒဏ်စေ့လို့ လွတ်လာတဲ့
အခါမှာတော့ Biggie အနေနဲ့ အရင်အတိုင်းပဲ
ပစ္စည်းပစ်တာပဲ ဆက်လုပ်​သွားမလား၊
ထောင်​ဆိုတဲ့ ကျောင်းတော်​ကြီးက သူ့ကို လူကောင်းတစ်​ယောက်​ဖြစ်​အောင်​ ပြောင်းလဲပေးနိုင်​ခဲ့မလား၊ အနာဂတ်​လမ်းကို ဘယ်​လိုလျှောက်​လှမ်းလေမလဲ။

လူတိုင်းကတော့ အမှားနဲ့ မကင်းတဲ့သူတွေချည်းပါပဲ။

ဆင်​ဆာမဖြတ်​တောက်​ထားတဲ့ Extended Edition ဖြစ်​တာရယ်​၊ Rapper ဇာတ်​ကားလည်းဖြစ်​တာရယ်​မို့ ကြမ်းတမ်းတဲ့
အသုံးအနှုန်းတွေ၊ 18+ scene တွေ ပါဝင်​ပါတယ်​။ အသက်​ 17 နှစ်​အောက်​ ကလေးငယ်​တွေ မိဘနှင့်​အတူကြည့်​မှသာ သင့်​တော်​ပါလိမ့်​မယ်​။

ရုပ်​ရှင်​အညွှန်း ကတော့ Chan Myae Kyaw
ဖြစ်​ပြီး ဘာသာပြန်​သူကတော့
Team Mmsub ရဲ့ ရက်​ပါလေး Ye Yink ဖြစ်​ပါတယ်​။

Translated and Encoded by Ye Yink