No Sound Problem

4K တွေ 1080p တွေကို အနည်းဆုံး 5.1 sounds နဲ့ ကုဒ်ပေးပါတယ် 720p နဲ့ 480p တွေကိုတော့ သာမန် stereo နဲ့ပဲကုဒ်ပေးပါတယ် stereo ဆိုတာ ဘယ်သံနဲ့ ညာသံ နှစ်သံပါတာကိုပြောတာပါ 5.1 ကတော့ ဘယ်ရော ညာရော ရှေ့ရော နောက်ရော အပေါ်ရော အောက်ရော surrounding ပတ်ပတ်လည်အသံထွက်ပါ အဲတော့ အသံကွာလတီချင်းကွာသလို 5.1 ကို တစ်ချို့ player တွေ device တွေ support မလုပ်ပါဘူး အဲလို support မလုပ်တာတွေဆို အသံမထွက်တာတွေ အသံမပါတာတွေဖြစ်ပါတယ် အဲလိုမျိုးဆိုရင် setting ချိန်သင့်ချိန်ရသလို support ပေးတာနဲ့ပြောင်းကြည့်သင့်ကြည့်ရပါတယ် VLC Player ဆိုရင်တော့ တော်တော်များများအဆင်ပြေပါတယ်

နောက်ပြီး ဖုန်းသမားတွေအတွက် 720p လောက်ဆိုရင်ကို တော်တော်ကောင်းကောင်းမွန်မွန် အဆင်ပြေပြေကြည့်လို့ရပါပြီ ဖုန်းက ရှယ်အလန်းကြီးမလို့ 1080p တွေ 4k တွေ ကြည့်လို့ရတယ်ဆိုပေမယ့်လည်း မကြည့်တာကောင်းပါတယ် ဘာလို့ဆို ဖုန်းနဲ့ဆို 1080p ပဲဖြစ်ဖြစ် 4k ပဲဖြစ်ဖြစ် ဖုန်း screen က လက်တစ်ဝါးစာပဲရှိပါတယ် အဲတော့ screen ကြီးကြီးနဲ့ကြည့်ရတာနဲ့ အရသာမတူပါဘူး နောက်ပြီး 5.1 ဆိုတာလဲ home theater နဲ့နားထောင်မှ အသံတစ်ကယ်ကောင်းကောင်းထွက်ပါတယ် ဖုန်းလေးနဲ့တော့ အဲဒီအရသာတွေ ကောင်းကောင်းခံစားလို့ရမှာမဟုတ်လို့ 720p လောက်နဲ့ဆိုရင်ကို တော်တော်အဆင်ပြေပါတယ်

ဘာလို့ခုလိုရေးရတာလဲဆိုတော့ 5.1 ဆိုတာ ဘာမှန်းမသိမသိပဲဒေါင်းပြီး အသံလည်းမရဘူး အသံလည်းမပါဘူးဆိုပြီးရေးလာတော့ မသိတဲ့သူဆို တစ်ကယ်ပဲအသံမပါဘူးလားဆိုပြီး ဒေါင်းကြည့်ဖို့ တွန့်ကုန်ကြတာတွေဖြစ်ကုန်မှာစိုးလို့ပါ တစ်ကယ် အသံမပါလာဘူးဆိုရင်တော့တစ်မျိုးပေါ့ မဟုတ်ပဲ 5.1 ဆိုတာနားမလည်ပဲဒေါင်းပြီး အသံမပါဘူးဖြစ်နေရင်တော့ အဆင်မပြေဘူးပေါ့ တစ်ကယ်အသံမပါလာဘူးဆိုတာ မရှိသလောက် တော်တော်ရှားပါတယ် ဘာလို့ဆိုကုဒ်ပြီးရင် မတင်ခင် ပြန်စစ်ပြီးမှတင်တာမလို့ပါ

နောက်တစ်ခုက ဖုန်းနဲ့ကြည့်မှာကို 4k ကြီးဒေါင်းမယ် 1080p ကြီးဒေါင်းမယ်ဆိုပြီးဖြစ်နေကြလို့ပါ မလိုအပ်ဘူးဆိုတာ သိစေချင်ယုံပါ ကြည့်တာ မကြည့်တာတော့ သူတို့အပိုင်းပေါ့ 🙄

FB ဂရုလေးကိုလည်း join ထားပါ  Join FB Group
+