/
Nightshift (2018)

Nightshift (2018)



Genre: , Director: Actors: , , Country: Score: 5.0 Duration: 1h 21min Quality: 1080 Years: View: 6,015

IMDb… 6.6

2018 ကတော့ ဇာတ်​ကားကောင်းတွေနဲ့
ပြည့်​နှက်​နေတဲ့ ရွှေနှစ်​တစ်​နှစ်​လို့ ဆိုရမယ်​။

ကျွန်​တော်​တို့လို ရုပ်​ရှင်​သရဲတွေအတွက်​ကတော့ တကယ့်​ကို ရွှေတွင်းကြီးပဲ။

ထွက်​သမျှကားသစ်​တွေကလည်း မကောင်းတာ ခပ်​ရှားရှား။

အခုလည်း လာပြန်​ပြီ တစ်​ကား။

လုံးဝ အပျံစား Horror ဇာတ်​ကားပေါ့။

လူသတ်​ချက်​တွေကလည်း ကမ်းကုန်​၊ ဇာတ်​လမ်းဇာတ်​ကွက်​ ခင်းကျင်းထားပုံကလည်း
လုံးဝ Plot Twist တွေ။

မထင်​မှတ်​ထားတဲ့ ပုံစံတွေချည်းပဲ။

Horror/လူသတ်​ကား ပရိသတ်​တွေကတော့
ကြည့်​တာနဲ့ တကယ်​ကို သဘောခွေ့စေမှာပါ။

Rating ကလည်း လူသတ်​ကားတွေထဲမှာ
အမြင့်​ဆုံးထဲက တစ်​ကားလို့ပြောလို့ရတယ်​။

လူသတ်​ကားတော်​တော်​များများက Rating
နည်းလေ့ရှိတာကိုး။

ဇာတ်​လမ်းအကျဉ်းအနေနဲ့ကတော့

အေမီ ဆိုတဲ့ ကောင်​မလေးတစ်ယောက်
ဟိုတယ်​တစ်ခုမှာ ညဆိုင်းဆင်းရင်း ဆင်းတဲ့
ပထမဆုံးနေ့မှာတင်​ မထင်မှတ်ထားတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်​။

ဖြစ်​ချင်​တော့ အဲ့ဒီ ဟိုတယ်​ကလည်း လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူသတ်မှုတွေဖြစ်လို့
ပိတ်ထားရာကနေ
အခုမှ ပြန်ဖွင့်ဖြစ်​တာ မကြာသေး။

အေမီ တစ်​ယောက်​ ဘာတွေရင်​ဆိုင်​ရလေမလဲ။

ဖြစ်​လာသမျှကို သူတစ်​ကိုယ်​တည်းအင်​အားနဲ့
ကျော်​လွှားနိုင်​ပါ့မလား။

Rating မြင့်​တာနဲ့အညီ သူမတူတဲ့ ဇာတ်​လမ်းဇာတ်​ကွက်​တွေကို ဘယ်​လို ခင်းကျင်းသွားလေမလဲ။

နှလုံးရောဂါအခံရှိသူများ ညဘက်​မကြည့်​ရ။

ကိုဂျွန်​လရောင်​ နှင့်​ ကိုအောင်​ပြည့်​ကျော်​ မှ
ဘာသာပြန်​ပေးထားပါတယ်​။

  1. Translated by John La Yaung & Aung Pyae Kyaw
    Encoded by Ye Yink

Comments are closed.