/
Naruto Spin-off : Rock Lee and his ninja pals

Naruto Spin-off : Rock Lee and his ninja pals

TV.com… 9.4
IMDb… 7.5

လူကြီးလူငယ် ကျားမမရွေးဘဲ လူတိုင်းလိုလို Naruto ကိုမကြည့်ဖူးရင်တောင်
ကြားဖူးကြမယ်လို့တော့ ထင်ပါတယ်။

အခုကျွန်တော်တို့ Mmsub ကနေ
တင်ဆက်ပေးသွားမှာကတော့ အားလုံးသိပြီးသားဖြစ်တဲ့ Naruto Tv show ကနေ
Spin-off အဖြစ်ထွက်ရှိလာတဲ့ Rock Lee ရဲ့ series လေးပဲဖြစ်ပါတယ်။

သူက Comedy type ဖြစ်တာပြီး တစ်​ပိုင်းချင်းစီဟာ ဝက်ဝက်ကွဲရယ်ရတာကြောင့် Naruto မကြည့်ဖူးတဲ့သူကော ကြည့်ဖူးတဲ့သူရော anime မကြိုက်တဲ့သူရော ကြိုက်တဲ့သူရော ကြည့်လို့သိပ်ကောင်းမယ့် Series ပဲဖြစ်ပါတယ်။

ကြည့်နေကျ Anime တွေနဲ့ မတူလို့
Anime မကြည့်တက်ဘူးဆိုတဲ့ လူတွေအတွက်ပါ သိပ်ကောင်းပြီး အပန်းပြေစေတဲ့ Series လေးပါ။

ဇာတ်လမ်းအကျဉ်း
=============

ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ Naruto series ရဲ့ Spin-off ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီကားထဲမှာ Naruto ဟာအဓိကဇာတ်ကောင်မဟုတ်တော့ဘဲ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Rock Lee ကို အဓိဇာတ်ဆောင်အဖြစ်ချပြထားပါတယ်။

Rock Lee ဟာ Main character ဖြစ်လာတာနဲ့အလျောက် Sakura နေရာကို Team Guy မှ TenTen ကရောက်သွားခဲ့ပြီး Rock Lee ကို အသေသိပ်မယ့်သူဖြစ်နေပါတယ်။

ကျွန်တော်တို့ရဲ့ တည်ငြိမ်သူကြီး Neji ဟာလည်း ဒီဇာတ်လမ်းထဲမှာ အတည်ပေါက်နဲ့ သေးထွက်အောင်ရယ်ရအောင် လုပ်ပေးခဲ့ပါတယ်။
Naruto series ထဲက လူစုံတက်စုံအကုန်လုံးလိုလိုပါလာပါတယ်၊ ဇာတ်​ကောင်​အားလုံးကလည်း တစ်မျိုးတစ်ဖုံရယ်ရအောင်ပံ့ပိုးပေးထားပါသေးတယ်။

တစ်နေကုန်အလုပ်ကပြန်လာ၊ ကျောင်းကပြန်လာ၊ ဆော်နဲ့သွားတွေ့ပြီးပြန်လာ လို့
အပန်းဖြေချင်​တဲ့ သူတွေနဲ့
အိမ်မှာပျင်းနေတဲ့ FA ကြီးများ အားလုံးအားလုံးအတွက် ရယ်မောပြီးအပန်းဖြေနိုင်မယ့်
စီးရီးလေးပဲဖြစ်ပါတယ်. . . .

Quality ကိုတော့ 720p အကြည်​နဲ့တင်​ဆက်​​ပေးထားပြီး Size က​တော့ 150MB နဲ့ 200MB ကြားရအောင်​ ကြိုးစားတင်​ဆက်​ပေးထားပါတယ်​။

ရဲကျော်​အောင်​ မှ တင်​ဆက်​ပေးထားပါတယ်​။

Genre: , , Actors: , , Country: Released: 2012Networks: Episodes: 51
Type: TVScore: 7.5Duration: 24minQuality: Year: View: 2,167

Naruto Spin-off : Rock Lee and his ninja pals Episodes