/
Mumon: The Land of Stealth (2017)

Mumon: The Land of Stealth (2017)



Genre: , Director: Actors: , , , Country: Released: 01 Jul 2017 Score: 7.7 Duration: 120 min Quality: 1080p Years: View: 1,711

အီဂါ ဆိုတဲ့ ရှီနိုဘီနင်ဂျာတွေ နေထိုင်တဲ့ နယ်မြေတစ်ခုရှိတယ် အဲ့ဒီနယ်မြေက ကောင်တွေက ပိုက်ဆံရရင် ဘာမဆိုလုပ်တဲ့ လူမိုက်တွေ။
အဲ့ဒီ ရှီနိုဘီတွေထဲမှာ အတော်ဆုံးလူတစ်ယောက်ရှိတယ် သူ့နာမည်က မူမွန်တဲ့၊
မူမွန်ဆိုတဲ့ကောင်က ထော်လော်ကန့်လန့်ရယ် ဂျီနင်(အဆင့်နိမ့်နင်ဂျာ) သာ ဖြစ်တာ ဂျိုနင်(အဆင့်အမြင့်ဆုံးနင်ဂျာ)တွေကတောင် သူ့ကို ခိုင်းဖို့ ခပ်လန့်လန့်။
ပိုက်ဆံအသေတောင်းတာကိုး ဒါပေမယ့် အဲ့ဒီမူမွန်က အချဉ်တော့မဟုတ်ဘူး သူများတိုင်းပြည်က အလှပဂေး လေးကို နင် ငါနဲ့လိုက်ခဲ့ နင်တစ်သက်လုံး ငွေပုံကြီးပေါ်မှာ
ထိုင်ရမယ်ဆိုပြီး ဂျင်းထည့်ခေါ်လာတာ ။ ကောင်မလေးကလဲ ယုံပြီးလိုက်လာ တကယ်တမ်း အီဂါကို ရောက်မှ သူ့လင် ဂျင်းထည့်တာသိပြီ အိမ်ထဲကိုအဝင်မခံတော့ဘူး
ဒီတော့ မူမွန်လဲ သူ့စကီလေးနဲ့ ပြေလည်ဖို့အရေး ပိုက်ဆံရှာရပြီလေ။
အဲ့ဒီ အီဂါ ရဲ့ အိမ်နီးချင်း နိုင်ငံကတော့ အီဆဲ ဆိုတဲ့ ဆာမူရိုင်းနယ်မြေ အိုဒါမျိုးနွယ်ရဲ့လက်အောက်ခံပေါ့၊ အိုဒါမျိုးနွယ်ကလဲ နယ်နယ်ရရမဟုတ်ဘူး
ဂျပန်တစ်ပြည်လုံးက နယ်မြေတွေကို လိုက်သိမ်းပြီး ပြည်ထောင်စုဂျပန်ပြည်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ထားတဲ့အဖွဲ့။
အဲ့ဒီလိုနဲ့ အိုဒါတွေက နင်ဂျာတို့ရဲ့နယ်မြေ အီဂါကို သိမ်းပိုက်ဖို့ လုပ်တာပေါ့။
တည်ကြည်ပြီး ရန်သူကို ရဲရဲဝင့်ဝင့်တိုက်တဲ့ ဆာမူရိုင်း ငကြမ်းတွေနဲ့ အရမ်းမြန်ပြီး ခိုးကြောင်ခိုးဝှက် ဖိုက်တတ်တဲ့ နင်ဂျာငမွေထိုးတွေနဲ့ ဘယ်လိုတွေ ချကြမလဲဆိုတာကိုတော့
ဒီဇာတ်ကားလေးမှာ အားရပါးရရှူစားရမှာဖြစ်ပါတယ်။ သေချာတာကတော့ ဒီကားလေးဟာ ကြည့်ရှူသူကို ဟာသမြောက်စေမယ့် အက်ရှင်ဟာသကားလေးပါ။

Translator: Myo Khant
Review: Myo Khant
Encoder: Zon Myat Noe Swe

Ray-Ray Armstrong Authentic Jersey