
ဒီကားလေးကတော့ မင်းသားကြီး Brad Pitt ပါဝင်သရုပ်ဆောင်ထားတဲ့ Action, Adventure, Horror အမျိုးအစား ကားကောင်းလေးတစ်ကားဖြစ်ပြီး IMDb rating 7.0/10အထိရရှိထားကာ 2013 ဇွန်လမှာရုံတင်သွားခဲ့တာပါ။
ဒီကားလေးအကြောင်းပြောရရင် ဇာတ်ကားအစမှာ ဘယ်ကစတင်ပျံ့နှံ့လာမှန်းမသိတဲ့ ဖုတ်ကောင်ဖြစ်စေတဲ့ဗိုင်းရပ်တစ်မျိုးဟာ လူတွေကြားမှာပျံ့နှံ့လာပါတယ်။ ဖုတ်ကောင်ဖြစ်သွားတဲ့လူတွေက အခြားလူတွေကိုပြန်ကိုက်ပြီး ဆင့်ကဲဆင့်ကဲကူးစက်ကာ ထိန်းမနိုင်သိမ်းမရတဲ့အခြေအနေကို ရောက်သွားရတာပါ။
ဂျယ်ရီကအရင်က စစ်ဘက်ကလူတစ်ယောက်ပါ။ လက်ရှိတော့အလုပ်ကနားထားပြီး ချစ်စရာသမီးလေးနှစ်ယောက်ဖြစ်တဲ့ရေချယ်နဲ့ကော်နီ အနားမှာ နေနေတာပါ။ ဒီလိုနဲ့ဖုတ်ကောင်တွေက မြို့ထဲထိရောက်လာအခါ ဂျာရတ်တို့မိသားစု ထွက်ပြေးရပါတော့တယ်။ ထွက်ပြေးရင်းနဲ့ မိသားစုကိုသူဘယ်လိုကာကွယ်မလဲ။ သူ့မိသားစုအတွက် သူတာဝန်ပြန်ထမ်းဆောင်ဖို့လိုလာတဲ့အခါ သူဒီကပ်ဆိုးကြီးကိုကျော်လွှားဖို့ကြိုးစားပုံတွေ၊ ကြုံရတဲ့အခက်အခဲတွေနဲ့ တိုက်ခိုက်ခန်းတွေကို လှလှပပနဲ့ သည်းထိတ်ရင်ဖိုဖြစ်အောင် ရိုက်ပြထားတာပဲဖြစ်ပါတယ်။
ဖုတ်ကောင်ဇာတ်ကားတွေထဲမှာ အတော်ကြည့်ကောင်းပြီး ကြည့်ရှုသူကိုခံစားမှုရသအပြည့်ပေးနိုင်တဲ့ကားကောင်းလေးဖြစ်လို့ မကြည့်ရသေးရင် ကြည့်ကြည့်ဖို့ပြောချင်ပြီး၊ ကြည့်ပြီးသားလူတွေလည်း ပြန်ကြည့်ရင်ခံစားချက်တစ်ခုခု ရစေမှာပါလို့ပဲတိုက်တွန်းလိုက်ပါတယ်နော်။