
ဒီရုပ်ရှင်ကားကတော့ VHSတို့ထုံးစံအတိုင်း wtf is going onဆိုတဲ့ ခံစားချက်ရစေမှာပါ။
သွေးထွက်သံယိုတွေ၊ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ၊ ထူးဆန်းတဲ့သတ္တဝါတွေဆီမှာ တိုက်ခိုက်ခံရမှုတွေကို VHSကင်မရာနဲ့ရိုက်ကူးထားတဲ့ ရှုထောင့်ပုံစံကနေ ရိုက်ကူးပြထားတာပါ။ မူးယစ်ဆေးအပြင်းစားတွေကို ရောင်းဝယ်နေတယ်လို့ သံသယရှိတဲ့စခန်းနေရာကို အထူးရဲတပ်ဖွဲ့တွေဝင်စီးရာကနေ လူတွေကိုထူးထူးဆန်းဆန်းပုံစံနဲ့ ရက်ရက်စက်စက်သတ်ဖြတ်ပြီး ဗီဒီယိုရိုက်ကူးတဲ့ဂိုဏ်းတစ်ခုနဲ့ကြုံရပြီး သူတို့ပါအဲဒီအရှုပ်ထုပ်ပဲ ရောက်ကုန်ပုံကို ရိုက်ကူးပြထားပါတယ်။
မတူညီတဲ့ horror typeလေးမျိုးကို တစ်ကန့်စီရိုက်ပြထားတာဖြစ်ပြီး VHSရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း သွေးသံရဲရဲဆိုတော့ ရိုက်ပြထားတာကြမ်းပါတယ်။ ကလေးသူငယ်တွေနဲ့ သွေးမြင်ရင်ကြောက်တတ်တဲ့ လူတွေကြည့်ဖို့ကိုတော့ recommendမပေးချင်ပါဘူး။