
ဒီကားလေးကတော့ ၂၀၁၇ဇူလိုင်လမှာ စတင်ရုံတင်ပြသခဲ့တဲ့ Action, Adventure, Family အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 6.5/10 အထိရရှိထားပါတယ်။
ဒီဇာတ်ကားမှာ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ စပိုက်ဒါမန်းမင်းသား Dane DeHaanနဲ့ မင်းသမီးချောလေး Cara Delevingne တို့အဓိကနေရာက ပါဝင်သရုပ်ဆောင်ထားပြီး Rihanna, EXOအဖွဲ့ကKris Wuစတဲ့ အခြားနာမည်ကြီးသရုပ်ဆောင်တွေက ပါဝင်အားဖြည့်ထားပါတယ်။ ဒါ့အပြင်ဒီကားအတွက် ယူရို197သန်း အသုံးပြုခဲ့ပြီး 225.9သန်းပြန်လည်ရရှိခဲ့ပါတယ်။
ဒီကားလေးရဲ့အစမှာ စကြဝဠာထဲက သက်ရှိမျိုးစိတ်တွေအားလုံး အပြန်အလှန်ဆက်သွယ်နိုင်ချိန်မှာ ကမ္ဘာ့ပတ်လမ်းမှာတည်ဆောက်ထားတဲ့ အယ်ဖာအာကာသစခန်းက မျိုးနွယ်အားလုံးစုပေါင်းနေထိုင်ရာ ဖြစ်လာပါတယ်။ ဒီလိုနဲ့တစ်စတစ်စကြီးလာတဲ့ အာကာသစခန်းက ကမ္ဘာမြေဆွဲအားကြောင့် ပြဿနာရှိလာလို့ အဝေးတစ်နေရာဆီပို့ဖို့ဖြစ်လာပါတယ်။ မေဂျာဗလာရီရန်နဲ့လော်ရိန်းတို့က လူသားအစိုးရအတွက် တာဝန်ထမ်းဆောင်နေကြတာပါ။ သူတို့တွေက စကြဝဠာအနှံ့သွားလာပြီး ခက်ခဲတဲ့စစ်ဆင်ရေးတွေကို ထမ်းဆောင်ရတဲ့ အထူးတပ်သားတွေပါ။
လူသားတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ စစ်ပွဲတစ်ခုမှာ ဂြိုလ်တစ်ခုပျက်စီးသွားခဲ့ပါတယ်။ အဲဒီဂြိုလ်က မင်းသမီးရဲ့ဝိညာဥ်က ဗလာရီရန်ရဲ့ကိုယ်ထဲဝင်သွားခဲ့ပါတယ်။ သူတို့ဂြိုလ်မှာ ဘယ်လိုထူးခြားမှုတွေရှိလဲ။ အသက်ရှင်ကျန်သူတွေကရော ဘယ်ရောက်နေလဲ။ မေဂျာဗလာရီရန်တို့ကရော ဘယ်လိုအရှုပ်တွေထဲရောက်သွားမလဲ ဘာတွေကြုံရမလဲကို ဒီကားလေးထဲမှာရှုစားရမှာပါ။computer effect ကောင်းကောင်းနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ရိုက်ချက်တွေက အသက်ဝင်လှပလွန်းလို့ သိပ္ပံကားကြိုက်သူတွေ အကြိုက်တွေ့မယ့်ကားလေးပဲဖြစ်ပါတယ်နော်။