
Animation ပရိတ်သတ်တွေအတွက် Netflixကအသစ်ထွက်လာတဲ့ ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ IMDb ratingကလည်း 7.3/10အထိရထားတာဆိုတော့ ရှယ်ပဲပေါ့။
ဇာတ်လမ်းအကျဥ်းကတော့ မာလင်ရဲ့အဆောင်ပစ္စည်းဆီမှာ ရွေးချယ်ခံရလို့ မှင်စာမုဆိုးဖြစ်လာတဲ့ ဂျင်တစ်ယောက်ဟာ ဒီကားလေးမှာတော့ အဆောင်ပစ္စည်းပျက်စီးသွားလို့ ဘာအစွမ်းမှမရှိတော့တဲ့ သာမန်လူတစ်ယောက်ဖြစ်နေပါတယ်။ ဒါပေမဲ့ အာကင်းအော်ဒါဆိုတဲ့ ကမ္ဘာကြီးကိုဖန်ဆင်းခဲ့တဲ့ မှော်ဆရာမသုံးယောက်ထဲက နှစ်ယောက်က ကမ္ဘာကြီးကိုလူသားတွေလက်ဝါးကြီးအုပ်ထားတာကို မကျေနပ်လို့ သူတို့ဖန်ဆင်းကာစအချိန်လိုမျိုး သတ္တဝါအားလုံး ဟန်ချက်ညီညီပြန်ဖြစ်အောင် အစကနေပြန်ဖန်ဆင်းဖို့ကြိုးစားနေပါတယ်။ ဒီလိုဖန်ဆင်းဖို့အတွက် လက်ရှိကမ္ဘာကြီးကို အရင်ဖျက်ဆီးရမှာဖြစ်လို့ မှင်စာမုဆိုးနဲ့ သူ့သူငယ်ချင်းတစ်သိုက်က ဒီလိုမဖြစ်အောင်တားဆီးကြပုံကို အက်ရှင်ခန်းကောင်းကောင်းလေးတွေနဲ့ ဘက်ဂျက်နိုင်နိုင်သုံးပြီး ရိုက်ကူးထားတာပါ။ သူတို့တွေ ကမ္ဘာကြီးကိုကယ်တင်ဖို့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲဆိုတာ ရှုစားလိုက်ပါဦး။
ဇာတ်လမ်းကောင်းရှားတဲ့ ဒီလိုကာလမှာ ဒီကားလေးကAnimationဆိုပေမယ့် လူကြီးတွေပါအကြိုက်တွေ့လောက်အောင် လှလှပပရိုက်ကူးထားပါတယ်။ ပထမထွက်ထားတဲ့ Trollhuntersစီးရီးကိုကြည့်ထားရင် ပိုအဆင်ပြေမယ်ဆိုပေမဲ့ တန်းပြီးကြည့်ရင်လည်း အတော်ကြည့်ကောင်းစေမယ့် ကားကောင်းလေးပါပဲ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2.30 GB | |
720p | ⚡Fast Drive | 927 MB | |
480p | ⚡Fast Drive | 524 MB | |
🔥 1080p 5.1CH | G Drive | 2.30 GB | |
720p | G Drive | 927 MB | |
480p | G Drive | 524 MB | |
🔥 1080p 5.1CH | Solid Drive | 2.30 GB | |
720p | Solid Drive | 927 MB | |
480p | Solid Drive | 524 MB |