
Navy SEAL အဖွဲ့ဝင်အုပ်စုတစ်စုဟာ စီအိုင်အေနဲ့ စစ်ဆင်ရေးတစ်ခုကို အလတ်ပိုမြို့မှာဆင်နွဲခဲ့ပြီး အဲ့ဒီကတည်းက မသင်္ကာစရာတစ်ချို့ရှိခဲ့ပေမယ့် စစ်ဆင်ရေးဟာအောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်။ နောက်သုံးလအကြာမှာတော့ အဖွဲ့ဝင်တွေဟာ တစ်ယောက်တစ်နေရာစီကိုယ့်မိသားစုကိုယ် ပျော်ရွှင်စွာနေထိုင်နေကြပါပြီ။ အဲ့ဒီမှာပဲ အဲ့ဒီစစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့အဖွဲ့ဝင်တွေတစ်ဦးချင်းစီ လုပ်ကြံခံခဲ့ရပြီး John Kelly ကတော့သူကိုယ်တိုင်မသေရုံတမယ် လွတ်မြောက်ခဲ့ပေမယ့် ကိုယ်ဝန်သည်သူ့ဇနီးသေဆုံးသွားခဲ့ပါတယ်။ သူ့ဇနီးနဲ့ ကမ္ဘာလောကကြီးရဲ့အပြင်ကိုတောင်မရောက်ဖူးလိုက်တဲ့သမီးလေးရဲ့ သေဆုံးမှုနောက်မှာ ဂျွန်ကယ်လီဟာ ရူးမတတ်ခံစားခဲ့ရပြီး ကျားနာတစ်ကောင်လို ရေစုံရေဖျားလိုက်လံစုံစမ်းဖို့ဖြစ်လာပါတော့တယ်။
တကယ်တမ်း တစ်လှမ်းတိုးမိလေ သူဟာရန်သူဆင်တဲ့ဖြစ်စေချင်တဲ့အကွက်ထဲကို တစ်လှမ်းပိုဝင်မိလေဆိုတာကို အချိန်မှီသိနိုင်ပါ့မလား?
John Kelly တစ်ဖြစ်လဲ John Clark ဟာစာရေးဆရာ Tom Clancy ရဲ့ Jack Ryan universe ထဲက နာမည်ကျော်ဇာတ်ရုပ်တစ်ခုဖြစ်ပါတယ်။ တကယ်တမ်းတော့ ဒီဇာတ်ကားကို 1990s ခုနှစ်တွေကတည်းကရိုက်ကူးဖို့ ကြိုးစားနေခဲ့ကြတာဖြစ်ပြီး ၁၉၉၄ မှာ Keanu Reeves ကို John Kelly/Clarkဇာတ်ကောင်အဖြစ်ကမ်းလှမ်းခဲ့သလို၂၀၁၂ မှာလဲ Tom Hardy ကိုကမ်းလှမ်းခဲ့ပါသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့်ပျက်ပြယ်သွားခဲ့ရပြီးမှ အခုလိုMichael B. Jordan ကိုမြင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
စာဖတ်ပရိသတ်တွေဆီက ထုံးစံအတိုင်းအားမလိုအားမရရီဗျူးတစ်ချို့တွေ့ရပေမယ့် Michael B. Jordan ပရိသတ်တွေ၊ အက်ရှင်ကားကောင်းကောင်းကြည့်ချင်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုရစေမယ့်ကားတစ်ကားဖြစ်ပါတယ်။
(Post-credits scene ပါဝင်ပါတယ်၊ နောက်တစ်ကားအတွက်ပျိုးထားတာဖြစ်သလို Jack Ryan universe အတွက်လဲခြေလှမ်းဖြစ်နိုင်ပါတယ်)
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 3.01 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.23 GB | |
720p | ⚡Fast Drive | 440 MB | |
480p | ⚡Fast Drive | 275 MB | |
🔥 4K | G Drive | 3.01 GB | |
🔥 1080p 5.1CH | G Drive | 1.23 GB | |
720p | G Drive | 440 MB | |
480p | G Drive | 275 MB | |
🔥 4K | Solid Drive | 3.01 GB | |
🔥 1080p 5.1CH | Solid Drive | 1.23 GB | |
720p | Solid Drive | 440 MB | |
480p | Solid Drive | 275 MB |