
အမ်မာဟာ မတ်ခ်ဆိုတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်နဲ့ မအောင်မြင်တဲ့အိမ်ထောင်ရေးမှာမွန်းကျပ်ပိတ်လှောင်ခံနေရတဲ့ မိန်းမလှလေးဖြစ်တယ်။ အေးစက်တဲ့ အိမ်ထောင်ရေးတွေရဲ့ ထုံးစံကိုယ်စီကိုယ်ငှ ဖောက်ပြန်တဲ့ ဇာတ်လမ်းတွေရှိတယ်။ သူတို့အိမ်ထောင်ရေး ဘယ်လိုကြောင့်ဒီလိုအခြေဆိုက်ခဲ့ရလဲလုံလောက်တဲ့အကြောင်းပြချက်ရှိတယ်။
အဲ့ဒီနေ့ကတော့ သူတို့မင်္ဂလာနှစ်ပတ်လည်အဖြစ်ညစာအတူစားတယ်၊ လက်ဆောင်တွေအပြန်အလှန်ဖလှယ်ပြီး လူသူဝေးကွာတဲ့ဆင်ခြေဖုံးအရပ်ကအပန်းဖြေအိမ်လေးကို အတူတူသွားကြတယ်။ နောက်တစ်နေ့မနက်မှာတော့မတ်ခ်ဟာ အမ်မာနဲ့ သူ့ကိုယ်သူနဲ့လက်ထိပ်တွဲရက်ခတ်ပြီး ကိုယ့်ခေါင်းကို သူသေနတ်နဲ့တေ့ပစ်ပြီး အဆုံးစီရင်သွားပါတော့တယ်။
လူသူမနီးတဲ့အိမ်တစ်လုံး၊ မတ်ခ်ရဲ့အလောင်းဟာ သူနဲ့လက်ထိပ်တွဲခတ်လျက်သား၊ ဖုန်းကြိုးတွေဖြတ် လက်ကိုင်ဖုန်းတွေကိုဖျက်ဆီးသွားတယ်၊ ကားထဲက ဓာတ်ဆီတွေကိုကုန်နေအောင် စုပ်ထားတယ်၊ မတ်ခ်ဟာ သူမရှိတဲ့နောက် အမ်မာကို ဒုက္ခရောက်စေဖို့ အကွက်ကျကျစီစဉ်သွားပုံရပါတယ်။ အမ်မာရင်ဆိုင်ရမှာ ဒီပြဿနာတွေတင်မကပါဘူး။ ဘာကြောင့်လဲဆိုတော့ မတ်ခ် သူ့ကိုဒုက္ခပေးဖို့ကြံခဲ့တဲ့အထဲ ဒါတွေက အပေါ်ယံလေးပဲရှိသေးလို့ပါ။
အစကနေ အဆုံးအထိ ရင်တမမနဲ့ရှုစားရမယ့် Horror/Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ အခုနောက်ပိုင်း ပိတ်ကားပေါ်ခပ်စိပ်စိပ်ပြန်မြင်လာရတဲ့မအိုသေးတဲ့ အပျိုလေးလိုနုပျိုဆဲ မီဂန်ဖောက်စ်ကြီးကို တစ်ဝကြီးဂလုရပါလိမ့်မယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 812 MB | |
720p | ⚡Fast Drive | 335 MB | |
480p | ⚡Fast Drive | 214 MB | |
🔥 1080p 5.1CH | G Drive | 812 MB | |
720p | G Drive | 335 MB | |
480p | G Drive | 214 MB | |
🔥 1080p 5.1CH | Solid Drive | 812 MB | |
720p | Solid Drive | 335 MB | |
480p | Solid Drive | 214 MB |