
ဒီကားလေးက အနာဂတ်ကမ္ဘာကြီးမှာ ကြုံလာရမယ့်ပြဿနာတွေကို စိတ်ကူးယဥ်ရိုက်ကူးထားတာပါ။
သိပ္ပံပညာရှင်တွေ ဟောကိန်းထုတ်ထားသလိုပဲ လူသားတွေရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့် မိခင်ကမ္ဘာကြီးဟာပျက်စီးသွားပြီး နေထိုင်လို့မရတော့ပါဘူး။ ဒါကြောင့်တိုင်းပြည်အုပ်ချုပ်ကြတဲ့ အခွင့်ထူးခံလူတန်းစားတွေက ကပ်ပလာ၂၀၉ဆိုတဲ့ ဂြိုလ်ပေါ်သွားနေကြပါတယ်။ ဒါပေမဲ့ အဲဒီဂြိုလ်ပေါ်မှာ ဓာတ်ရောင်ခြည်သင့်မှုတွေကြောင့် မျိုးမပွားနိုင်ကြဘဲ မျိုးဆက်နှစ်ဆက်မြောက်လောက်မှာ မျိုးတုံးခါနီးအနေအထားထိ ဖြစ်လာပါတယ်။ ဒါနဲ့ပဲ မိခင်ကမ္ဘာမြေဆီ ပြန်လာလို့ရပြီလားဆိုတာကို အဖြေရှာတဲ့ Ulyssesစစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ပထမဆုံးပြန်လာတဲ့ Ulysses1ယာဥ်က ကမ္ဘာပေါ်ရောက်ပြီး မကြာခင်မှာဘဲ အဆက်အသွယ်ပြတ်သွားပါတယ်။ ဒါကြောင့်ပဲ Ulysses2ကို ထပ်မံလွှတ်ခဲ့ပြီး အဲဒီယာဥ်ပေါ်မှာတော့ လူးဝစ်ဘလိတ်လိုက်ပါလာပါတယ်။ သူတို့တာဝန်က ကမ္ဘာပေါ်မှာ လူသားတွေမျိုးပွားနိုင်ကြောင်း သက်သေရှာပြီး ပြန်ပို့ပေးရမှာပါ။ ဒါပေမဲ့ သူတို့ထင်သလို ကမ္ဘာပေါ်ကလူတိုင်း သေဆုံးသွားကြတာမဟုတ်ဘဲ အသက်ရှင်ကျန်သူတွေရှိနေပြီး လူ့အဖွဲ့အစည်းတစ်ခု ဆက်ရှင်သန်နေတာကို တွေ့လာရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ လူးဝစ်ရဲ့အဖေပါသွားခဲ့တဲ့ Ulysses1ကရော ဘယ်လိုအဖြစ်အပျက်မျိုး ကြုံသွားခဲ့တာလဲ။
ကမ္ဘာကြီးပျက်စီးချိန်မှာ စွန့်ခွာသွားခဲ့ပြီး အဆင်ပြေချိန်မှာမှ ပြန်ရောက်လာကာ လက်ရှိနေထိုင်ကြတွေကို နယ်ချဲ့ဆန်ဆန်ပြုလုပ်မယ့် သူတို့ရဲ့စစ်ဆင်ရေး အောင်မြင်ပါ့မလားဆိုတာကိုတော့ ဆက်ရှုစားလိုက်ကြပါဦး။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 966 MB | |
720p | ⚡Fast Drive | 399 MB | |
480p | ⚡Fast Drive | 252 MB | |
🔥 1080p 5.1CH | G Drive | 966 MB | |
720p | G Drive | 399 MB | |
480p | G Drive | 252 MB | |
🔥 1080p 5.1CH | Solid Drive | 966 MB | |
720p | Solid Drive | 399 MB | |
480p | Solid Drive | 252 MB |