
Maleficent: Mistress of Evil နောက်ပိုင်းမှာပျောက်နေတဲ့ ဂျိုလီကြီးရဲ့ဇာတ်ကားသစ်ပါ။
ဟန်နာ (Angelina Jolie) ဟာ အထူးတောမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့မီးလောင်မှုအတွင်းဆုံးရှုံးခဲ့ရတဲ့ အသက်သုံးချောင်းအတွက်အခုချိန်ထိ တာဝန်မကျေသလိုခံစားနေရ၊ စိတ်ဒဏ်ရာရနေတဲ့သူဖြစ်ပါတယ်။
ကော်နာဆိုတဲ့ကောင်လေးကတော့ ဒီအဖြစ်အပျက်တွေမတိုင်ခင်အထိ စာရင်းကိုင်ဖခင်နဲ့အတူနေတဲ့ သာမန်ကျောင်းသားငယ်လေးတစ်ယောက်ပါ။ တစ်မနက်ပုံမှန်အတိုင်းကျောင်းသွားဖို့ပြင်နေတဲ့မနက်ခင်းမှာ တီဗွီမှာလာနေတဲ့ ဂတ်စ်လိုင်းယိုစိမ့်ပေါက်ကွဲမှုကြောင့် ခရိုင်ရှေ့နေနဲ့တစ်မိသားစုလုံး သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို မြင်အပြီးမှာ သေပြေးရှင်ပြေးထွက်ပြေးတဲ့ သူ့အဖေ နဲ့ အတူပြေးရပါတော့တယ်။ သူ့အဖေဟာ သူ့အတွက်လျှိုဝှက်ချက်တစ်ချို့ကိုစာရွက်တွေပေါ်မှာ ရေးချခဲ့ပြီး သူမရှိတော့ရင် သတင်းဌာနတွေနဲ့ဆက်သွယ် ဖွင့်ချဖို့မှာခဲ့ပါတယ်။
သူ့နောက်ကနေ ကျူပင်ခုတ်ကျူငုတ်မချန်သုတ်သင်မယ့်လူသတ်သမားနှစ်ယောက်ရဲ့လက်က သီသီလေးလွတ်မြောက်ခဲ့တဲ့နောက် ကယ်တင်ရှင် ဟန်နာနဲ့တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီလူသတ်သမားနှစ်ယောက်ဟာ သူ့ကိုရှာမတွေ့တဲ့နောက် မြို့ကလူတွေကို အာရုံလွှဲဖို့အတွက် အင်မတန် အန္တရာယ်ကြီး အဖျက်စွမ်းအားကြီးတဲ့တောမီးကြီးကို တမင်အစပျိုးခဲ့တဲ့နောက် သူတို့လွတ်အောင်ပြေးရမယ့် ရန်သူဟာ ဘက်ပေါင်းစုံကလာပါတော့တယ်။
Action, Drama, Thriller ဆိုတဲ့အတိုင်း အက်ရှင်ထဲမှာပါးပါးလေးထည့်ထားတဲ့ ဒရာမာ နဲ့အတူ လျှို့ဝှက်သည်းဖို ရသကိုပါ ပေးစွမ်းနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားပါ။ Aidan Gillen (little finger) နဲ့ ကာလသမီးကြိုက် မင်းသားချော Nicholas Hoult တို့က အဓိကဗီလိန်အဖြစ်ဇာတ်ပို့ပေးထားပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 2.60 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.28 GB | |
720p | ⚡Fast Drive | 589 MB | |
480p | ⚡Fast Drive | 344 MB | |
🔥 4K | G Drive | 2.60 GB | |
🔥 1080p 5.1CH | G Drive | 1.28 GB | |
720p | G Drive | 589 MB | |
480p | G Drive | 344 MB | |
🔥 4K | Solid Drive | 2.60 GB | |
🔥 1080p 5.1CH | Solid Drive | 1.28 GB | |
720p | Solid Drive | 589 MB | |
480p | Solid Drive | 344 MB |