
ဒီက ပရိသတ်အများစု Dear John, Letters to Juliet, Mamma Mia! တို့နဲ့သိကြတဲ့ မင်းသမီးချောလေး Amanda Seyfried ရဲ့ကားသစ်လေးဖြစ်ပါတယ်။ romantic comedy တွေ drama တွေအရိုက်များတဲ့မင်းသမီးကို Mystery,Thriller ဇာတ်ကားမှာတွေ့ရတာကိုကထူးခြားနေပါပြီ။
ဇာတ်လမ်းအကျဉ်းကတော့ မြို့ကြီးပြကြီးက လူငယ်မိသားစုတစ်စုဟာ ခင်ပွန်းသည်ရဲ့ ကောလိပ်ပရော်ဖက်ဆာအလုပ်သစ်ကြောင့် နယ်မြို့ငယ်လေးတစ်ခုကိုပြောင်းလာခဲ့ပါတယ်။ ဇနီးဖြစ်သူ Clare အတွက်ကတော့ သူ့ခင်ပွန်းအတွက် သူ့အလုပ်အကိုင်တွေ မိတ်ဆွေတွေအားလုံးကိုစွန့်လွှတ်ခဲ့ရတာ ဖြစ်တဲ့အတွက်ပေးဆပ်မှုကကြီးမားတာအမှန်ပါပဲ။ အဲ့ဒီမြို့မှာ နေထိုင်ရတဲ့ သူတို့အိမ်မှာထူးခြားချက်တွေရှိကြောင်းမကြာခင်မှာပဲသိလိုက်ရပါတော့တယ်။
သူ့သမီးလေး လန့်လန့်ပြီးအော်တာ၊ သူကိုယ်တိုင် ထူးဆန်းတဲ့အရိပ်အယောင်တွေ အသံတွေကြားရတာသူ့ခင်ပွန်းကိုပြောပေမယ့်လဲမယုံကြည်ပါဘူး။ ဒါပေမယ့် တစ်ဖြည်းဖြည်းသူသိလာရတာကတော့ ဒီအိမ်ရဲ့လျှို့ဝှက်ချက်တွေချည်း မဟုတ်ပဲ သူ့အိမ်ထောင်ရေး၊သူချစ်ခင်မြတ်နိုးတဲ့ ခင်ပွန်းသည်ရဲ့ အတိတ်ကအရိပ် လက်ရှိအမူအကျင့်တွေက အခြေအနေဆိုးတွေဆီကိုဦးတည်နေတဲ့အခါ..။
Horror လိုခြောက်လှန့်နေတဲ့အပိုင်းနည်းပြီးတော့ မိသားစုတွေကြားကအရှုပ်အထွေး တွေ နောက်ခံဇာတ်ကြောင်းတွေ ဇာတ်ကောင်တွေရဲ့လျှို့ဝှက်ချက်တွေနဲ့စိတ်ဝင်စားစရာဆွဲဆောင်သွားမယ့်ကားကောင်းတစ်ကားပါ။ မင်းသမီးကိုထိုင်ကြည့်နေရတာတင် အတော်အရသာရှိပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.84 GB | |
720p | ⚡Fast Drive | 650 MB | |
480p | ⚡Fast Drive | 377 MB | |
🔥 1080p 5.1CH | G Drive | 1.84 GB | |
720p | G Drive | 650 MB | |
480p | G Drive | 377 MB | |
🔥 1080p 5.1CH | Solid Drive | 1.84 GB | |
720p | Solid Drive | 650 MB | |
480p | Solid Drive | 377 MB |