
ချင်မင်းဟာ ယင်ယန်ဆရာတစ်ပါးဖြစ်ပြီး သူ့ဆရာသခင်ရဲ့မသေဆုံးခင်ဆန္ဒနဲ့အတူမြို့တော်ကြီးဆီကို ကောင်းကင်ဘုံဝတ်ပြုအခမ်းအနားကိုတက်ရောက်ဖို့လာခဲ့ပါတယ်။ အဲ့ဒီမှာ နှိမ်နင်းချုပ်နှောင်ထားတဲ့ နတ်ဆိုးမြွေနဂါးကြီးတစ်ကောင်ရှိပြီး ကာလတစ်ခုကြာတိုင်းပြန်လည်နိုးထလာကာ လူတွေကို ဒုက္ခပေးတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာခဲ့ရင်အရှေ့အနောက်တောင်မြောက် ဂိုဏ်းကွဲတွေဆီက ယင်ယန် အကျော်အမော်တွေစေလွှတ် နှိမ်နင်းရတဲ့ အစဉ်အလာရှိပြီး ချင်မင်းတို့ခေတ်မှာ တစ်ဖန်အလှည့်ကျလာပါတော့တယ်။
မြို့တော်ကြီးမှာ တစ်ခြားဂိုဏ်းကွဲက ဘိုရာဆိုတဲ့ စစ်သည်တော်လူငယ်တစ်ဦးနဲ့တွေ့ပြီး ဘုဘောက်ကျရာကနေ နောက်ပိုင်း တစ်ဦးနဲ့တစ်ဦး နားလည်မှုရပြေလည်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရင်ဆိုင်ရမှာမြွေနဂါးကြီး သက်သက်မဟုတ်ပဲ၊ သူ့ကိုချုပ်နှောင်ထားတဲ့ ဧကရီဘုရင်မ၊ ကိုယ်ရံတော်၊ လက်ထောက်တို့ကြားက အရှုပ်အထွေးနောက်ကြောင်းတွေ ပါဝင်နေတဲ့အခါ။
The Yin-Yang Master ဟာအခုနောက်ပိုင်းထွက်တဲ့ တရုတ် Fanstasy ဇာတ်ကားတွေထဲမှာအကောင်းဆုံးထဲကတစ်ခုလို့ အသေအချာပြောလို့ရပါတယ်။ ပရိသတ်အခိုင်အမာနဲ့နာမည်ကြီးဇာတ်ဆောင်တွေ၊ ခမ်းနားလှပပြီး သေသပ်တဲ့အထူးပြုလုပ်ချက်တွေ၊ ဇာတ်လမ်းဇာတ်ညွှန်းကောင်းကောင်းတို့ကို မျှတအောင်ပေါင်းစပ်အသုံးချထားတာကြောင့် ပရိသတ်တွေဆီက ရီဗျူးအကောင်းတွေအများကြီးရရှိထားပါတယ်။ အားနည်းချက်တစ်ချို့ရှိပေမယ့် အချိန်ကုန်ရကျိုးနပ်စေမယ့် ဖျော်ဖြေရေးဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2.08 GB | |
720p | ⚡Fast Drive | 787 MB | |
480p | ⚡Fast Drive | 448 MB | |
🔥 1080p 5.1CH | G Drive | 2.08 GB | |
720p | G Drive | 787 MB | |
480p | G Drive | 448 MB | |
🔥 1080p 5.1CH | Solid Drive | 2.08 GB | |
720p | Solid Drive | 787 MB | |
480p | Solid Drive | 448 MB | |
🔥 1080p 5.1CH | Yandex | 2.08 GB | |
720p | Yandex | 787 MB | |
480p | Yandex | 448 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 2.08 GB | |
720p | Yandex | 787 MB | |
480p | Yandex | 448 MB |