
အန်နာဖောက်စ်ဟာ ကလေးစိတ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ သူ့ခင်ပွန်းနဲ့ကွဲကွာအပြီး မန်ဟက်တန်က တိုက်ခန်းတစ်ခုမှာ တစ်ယောက်တည်းနေထိုင်နေပါတယ်၊ ခင်ပွန်းသည်ကတော့ သူတို့သမီးငယ် အိုလီဗီယာနဲ့အဝေးတစ်နေရာမှာရှိနေပြီး နေ့တိုင်းသူနဲ့စကားပြောဖြစ်ပါတယ်။
လတ်တလောမှာ အန်နာကိုယ်တိုင် agoraphobia (ဟင်းလင်းပြင်အကြောက်လွန်) စိတ်ဝေဒနာစွဲကပ်နေပြီး အခန်းထဲကအပြင်မထွက်ပဲတစ်နေ့တစ်နေ့ပတ်ဝန်းကျင်ကို ပြူတင်းပေါက်က ငေးပြီး အချိန်ဖြုန်းနေရတာပါ။ ဒီလိုနဲ့ အဲ့ဒီပြူတင်းပေါက်က ငေးကြည့်တဲ့ ဝါသနာကနေမျက်နှာချင်းဆိုင်အိမ်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေထဲ ပါဝင်ပတ်သက်မိပြီး အဲ့ဒီအိမ်ကလူသတ်မှုတစ်ခုကိုပါ မတော်တဆမျက်မြင်သက်သေဖြစ်သွားပါတော့တယ်။
ဒါပေမယ့် အခုချိန်မှာ သူကိုယ်တိုင် စိတ်ဝေဒနာရှင်တစ်ပိုင်း၊ စိတ်ငြိမ်ဆေးတွေသောက်နေရတဲ့သူ၊ အဲ့ဒီဆေးတွေကလဲ စိတ်ထင်ယောင်ထင်မှားဖြစ်စေတဲ့ဘေးထွက်ဆိုးကျိုးရှိကြောင်းဆရာဝန်ကိုယ်တိုင်ကပြောထားတဲ့အခါ သူ့စကားတွေကို စုံထောက်တွေ ကာယကံရှင်တွေ တစ်ခြားမျက်မြင်သက်သေတွေကမယုံကြည်ကြပါဘူး။ ဒါတွေကို သူဘယ်လိုသက်သေပြမလဲ၊ သူမြင်ခဲ့တယ်လို့ထင်ခဲ့တဲ့အရာတွေဟာ တကယ်အဖြစ်မှန်ဟုတ်ရဲ့လား? ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုး သူ့စိတ်ဖိစီးမှုတွေရဲ့ လှည့်စားမှုသက်သက်လား?
ဇာတ်ရဲ့အနေအထားဟာ Rear Window (1954) နဲ့အတော်ဆင်ပေမယ့်၊ ၂၀၁၈ ကထွက်ထားတဲ့ The Woman in the Window ဆိုတဲ့နာမည်ကြီးဝတ္ထုကိုပြန်ရိုက်ထားတာပါ။ လှည့်ကွက်ကောင်းကောင်း၊ သရုပ်ဆောင်အင်အားမြိုင်မြိုင်နဲ့ ထိုင်ရာမထတမ်း စိတ်ဝင်တစားကြည့်ရမယ့်ဇာတ်ကားဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.21 GB | |
720p | ⚡Fast Drive | 408 MB | |
480p | ⚡Fast Drive | 246 MB | |
🔥 1080p 5.1CH | G Drive | 1.21 GB | |
720p | G Drive | 408 MB | |
480p | G Drive | 246 MB | |
🔥 1080p 5.1CH | Solid Drive | 1.21 GB | |
720p | Solid Drive | 408 MB | |
480p | Solid Drive | 246 MB |