
ဒီတစ်ခါလည်း အတွေးအခေါ်တစ်ခုခုပေးတဲ့ အိန္ဒိယကားကောင်းတွေကို သဘောကျတဲ့လူတွေအတွက် IMDb rating 7.2/10အထိ ရရှိထားတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားထဲက အဓိကဇာတ်ကောင်က ဇာတ်နိမ့်မျိုးဆင်းရဲသားမိသားစုမှာ မွေးဖွားလာတဲ့လူတစ်ယောက်ပေါ့။ ဆင်းရဲချမ်းသာကွာဟတဲ့ အိန္ဒိယလိုနိုင်ငံမျိုးမှာ ဆင်းရဲတဲ့ဘက်မှာမွေးဖွားလာတဲ့သူ့အတွက်တော့ ဘဝကြီးက ငယ်ငယ်ကတည်းက အခက်အခဲတွေနဲ့စတင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ ကျွန်စနစ်တွေချုပ်ငြိမ်းသွားတာ အတော်ကြာပြီဆိုပေမဲ့ အစေခံတွေကတော့ကျွန်သာသာဘဝမှာ နေရဆဲပါ။ ဒီလိုအစေခံတွေရဲ့ဘဝကို ကြက်ခြံထဲကအသတ်ခံရဖို့စောင့်နေတဲ့ကြက်တွေနဲ့ နှိုင်းယှဥ်ပြထားတယ်။ အဲဒီကြက်တွေက သူတို့ရှေ့မှာဘဲအခြားကြက်တွေကို သတ်နေတာမြင်နိုင်တယ်။ သွေးနံ့ကိုခံစားနိုင်တယ်။ ဒါပေမဲ့ ထွက်ပြေးဖို့မကြိုးစားသလို ထွက်ပြေးရကောင်းမှန်းလည်းမသိဘူး။ ဒီဇာတ်လမ်းကတော့ ကြက်ခြံထဲကကြက်တစ်ကောင်လိုဘဝကနေ ကျားတွေထဲမှာတောင်အရှားပါးဆုံးဆိုတဲ့ကျားဖြူလိုမျိုး ဘဝကိုရောက်အောင် အောက်ခြေကနေတက်သွားရတဲ့ သူ့ဘဝကိုပုံဖော်ရိုက်ကူးထားတာပါ။ သူ့ဘဝမှာကြုံခဲ့ရတဲ့အခက်အခဲတွေ လူ့လောကကြီးရဲ့အကျဥ်းတန်မှုတွေနဲ့ တစ်ခါတစ်လေမှာရိုးသားပြီး လူကောင်းလုပ်နေတိုင်း မအောင်မြင်နိုင်ဘူးဆိုတဲ့ သူ့ခံယူချက်တွေကို လက်တွေ့ဘဝနဲ့ယှဥ်ထိုးပြီး ရိုက်ပြသွားပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2 GB | |
720p | ⚡Fast Drive | 781 MB | |
480p | ⚡Fast Drive | 453 MB | |
🔥 1080p 5.1CH | G Drive | 2 GB | |
720p | G Drive | 781 MB | |
480p | G Drive | 453 MB | |
🔥 1080p 5.1CH | Solid Drive | 2 GB | |
720p | Solid Drive | 781 MB | |
480p | Solid Drive | 453 MB | |
🔥 1080p 5.1CH | Yandex | 2 GB | |
720p | Yandex | 781 MB | |
480p | Yandex | 453 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 2 GB | |
720p | Yandex | 781 MB | |
480p | Yandex | 453 MB |