
ဝေါ်တာက သင်္ဘောပျက်တွေကနေ ပစ္စည်းဆယ်တဲ့လုပ်ငန်းကို လုပ်ကိုင်သူဖြစ်ပြီး ၁၅၀၀ပြည့်နှစ်ဝန်းကျင်က စပိန်ပြည်ကရတနာတွေကိုယူပြီး ပျောက်ဆုံးသွားတဲ့ ဖရန်စစ်ဒရိတ်ရဲ့သင်္ဘောကို လိုက်ရှာနေတာပါ။ အဲဒီသင်္ဘောပျက်ပေါ်မှာ သူဝှက်ထားခဲ့တဲ့ရတနာတွေရှိရာ မြေပုံပါသွားပါတယ်။ ဒါပေမဲ့ အဲဒီသင်္ဘောပျက်ကနေ မြေပုံပါတဲ့သေတ္တာဘူးလေးကို သူတို့ဆယ်ယူပြီးချိန်မှာတော့ စပိန်နယ်စောင့်တပ်ကဖမ်းပြီး ဆယ်လို့ရတဲ့ပစ္စည်းတွေက စပိန်နိုင်ငံနဲ့သာသက်ဆိုင်ကြောင်း အမိန့်ချမှတ်ပြီး အလုံခြုံဆုံးဘဏ်တစ်ခုဖြစ်တဲ့ စပိန်ဘဏ်မှာသိမ်းဆည်းထားလိုက်ပါတယ်။
တွမ်ကတော့ ကမ်းဘရစ်တက္ကသိုလ်မှာတက်နေတဲ့ ဥာဏ်ကြီးရှင်လေးဖြစ်ပြီး ကုမ္ပဏီတွေက သူတို့ဆီမှာအလုပ်လာလုပ်ဖို့ ငွေအမြောက်အများနဲ့ကမ်းလှမ်းနေတာပါ။ ဒါပေမဲ့ အဲဒီအလုပ်တွေက သူ့ရဲ့စိတ်ဝင်စားမှုနဲ့ မကိုက်ညီဖြစ်နေတုန်း ဝေါ်တာဆီက ဆက်သွယ်လာချိန်မှာတော့ ဝေါ်တာတို့အဖွဲ့နဲ့တွမ်ပေါင်းပြီး စပိန်ဘဏ်ကိုဖောက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အဲဒီဘဏ်ရဲ့လုံခြုံရေးစနစ်က လွန်ခဲ့တဲ့အနှစ်၁၀၀လောက်က တီထွင်ထားခဲ့တာဖြစ်ပြီး အံ့ဖွယ်အင်ဂျင်နီယာအတတ်လို့သာ လူတွေသိကြပါတယ်။ ဘာဖြစ်လို့အဲဒီလိုခေါ်တယ် ဘယ်လိုပုံစံအလုပ်လုပ်တယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။
ဒီလိုမဖြစ်နိုင်တဲ့ ဖောက်ထွင်းမှုကို သူတို့ဘယ်လိုဖြစ်အောင်လုပ်ကြမလဲဆိုတာကို စွန့်စားခန်းတွေ၊ အက်ရှင်ခန်းတွေနဲ့ ဇာတ်ကားစကတည်းက လုံးဝပျင်းချိန်မရဘဲ ကြည့်ရမှာပါ။ အစကနေအဆုံးအထိ လုံးဝဆွဲခေါ်သွားနိုင်ပြီး နောက်ဆုံးအချိန်ထိ ကြိုမသိနိုင်တဲ့ဇာတ်ကွက်ကောင်းကောင်းတွေကြောင့် သေချာပေါက်ကြည့်သင့်တဲ့ကားလေးပါပဲ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.43 GB | |
720p | ⚡Fast Drive | 661 MB | |
480p | ⚡Fast Drive | 395 MB | |
🔥 1080p 5.1CH | G Drive | 1.43 GB | |
720p | G Drive | 661 MB | |
480p | G Drive | 395 MB | |
🔥 1080p 5.1CH | Solid Drive | 1.43 GB | |
720p | Solid Drive | 661 MB | |
480p | Solid Drive | 395 MB | |
🔥 1080p 5.1CH | Yandex | 1.43 GB | |
720p | Yandex | 661 MB | |
480p | Yandex | 395 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 1.43 GB | |
720p | Yandex | 661 MB | |
480p | Yandex | 395 MB |