
ဂျာနယ်လစ် ဂျယ်ရီဖန်းန်ဟာ ထူးဆန်းတဲ့ မူမမှန်တဲ့သဘာဝလွန်ဖြစ်ရပ်တွေအပေါ် သတင်းလိုက်လေ့ရှိတဲ့သူဖြစ်ပြီးအထက်ကပေးလာတဲ့သတင်းအရ ဘော်စတွန်က လယ်တောတစ်ခုမှာ သတင်းသွားယူပါတယ်။ အဲ့ဒီသတင်းက ထင်သလိုမဖြစ်ခဲ့ပေမယ့် အဲ့ဒီဒေသကို သူရောက်နေတဲ့အချိန်မှာ မွေးရာပါ ဆွံ့အနားမကြားဖြစ်တဲ့ မေရီ ဆိုတဲ့ မိန်းမငယ်လေးဟာ အပျိုစင်မေရီနဲ့တွေ့ဆုံခွင့်ရခဲ့တယ်ဆိုတဲ့နောက်ဆန်းကြယ်စွာပဲစကားပြန်ပြောနိုင်ခဲ့ပါတယ်။အဲ့ဒီထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်ဟာမြို့ငယ်လေးမှာပျံ့နှံ့သွားခဲ့ပြီး အပျိုစင်မေရီဟာ မိန်းမငယ်မေရီက တစ်ဆင့်စကားပြောရင်း တစ်ခြားသူယုံကြည်သက်ဝင်သူတွေကိုပါ အံ့သြဖွယ်ကောင်းလောက်အောင် ရောဂါဝေဒနာတွေပျောက်ကင်းစေခဲ့ပြီးနောက်မှာတော့ အားလုံးအာရုံစိုက်စရာဖြစ်လောက်အောင် နာမည်ကျော်လာပါတော့တယ်။
ပင်ကိုယ်စရိုက်နဲ့နောက်ကြောင်း သိပ်မကောင်းတဲ့ နာမည်ကြီးဖို့အတွက် ဘာမဆိုလုပ်မယ့် ဂျယ်ရီကလဲ ဒီကလေးမကို သူ့တက်လမ်းအတွက်အသုံးချဖို့ကြံစည်ပါတော့တယ်။ တကယ်တမ်းတော့ အဲ့ဒီကလေးမ ဆုတောင်းခဲ့တဲ့ ဆုတောင်းဖြည့်ပေးခဲ့တဲ့ မေရီဟာ တကယ့်အပျိုစင်မေရီမဟုတ်ပဲ အယောင်ဆောင်မကောင်းဆိုးဝါးဝိဉာဉ်တစ်ခုဖြစ်နေတဲ့အခါ..။
သတင်းထောက်ဂျယ်ရီဖန်းန်အဖြစ် supernatural ထဲက ဆမ်နဲ့ဒင်းန်တို့ရဲ့ဖခင် ဂျွန်ဝင်ချက်စတာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jeffrey Dean Morgan ခေါင်းဆောင်ပါဝင်ထားပြီး supernatural ထဲကလို ဆုတောင်းပြည့်ဖို့နတ်ဆိုးနဲ့အပေးအယူလုပ်တာတွေ၊ယုံကြည်သက်ဝင်မှုကြောင့် အင်အားအစွမ်းအပေါ်သက်ရောက်မှုတွေဘုရားသခင်နဲ့ နတ်ဆိုးကြားက အားပြိုင်မှုတွေ ကိုပါမြင်ရပါလိမ့်မယ်။ supernatural/horror ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားကောင်းပါ။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 2.10 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.12 GB | |
720p | ⚡Fast Drive | 421 MB | |
480p | ⚡Fast Drive | 263 MB | |
🔥 4K | G Drive | 2.10 GB | |
🔥 1080p 5.1CH | G Drive | 1.12 GB | |
720p | G Drive | 421 MB | |
480p | G Drive | 263 MB | |
🔥 4K | Solid Drive | 2.10 GB | |
🔥 1080p 5.1CH | Solid Drive | 1.12 GB | |
720p | Solid Drive | 421 MB | |
480p | Solid Drive | 263 MB |