
ဒီကားလေးကတော့ အခုနှစ်ထဲမှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Action, Crime, Thriller အမျိုးအစား ဇာတ်ကားလေးဖြစ်ပြီးတော့ IMDb rating 6.1/10 အထိ ရရှိထားပါတယ်။
ရေဘန်ဆွမ်ဆန်က အရင်တုန်းက တိရိစ္ဆာန်တွေကို အမဲလိုက်ဖမ်းတဲ့လူတစ်ယောက်အဖြစ် နေခဲ့ပေမဲ့ သူ့ရဲ့သမီးလေးကမကြိုက်တဲ့အတွက် အခုဆိုရင် ဘေးမဲ့တောတစ်ခုတည်ထောင်ပြီး စောင့်ရှောက်ပေးနေသူပါ။ သူ့ရဲ့သမီးလေးက တစ်ရက်မှာထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီးတော့ ၅နှစ်ကြာချိန်အထိ ပြန်ရှာမတွေ့ခဲ့ပါဘူး။ သူတို့နေတဲ့မြို့လေးကလည်း ရာဇဝတ်မှုတွေထူပြောပြီးတော့ မူးယစ်ဆေးရောင်းသူတွေ၊ အခြားမှောင်ခိုသမားတွေ ရှိနေပါတယ်။
တစ်ရက်မှာမိန်းကလေးငယ်တစ်ယောက် အသတ်ခံရတဲ့အမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အမှုကဒီမှာရပ်မသွားဘဲ နောက်ထပ်မိန်းကလေးတွေလည်း အက်လတယ်ဆိုတဲ့လက်နက်တစ်မျိုးကိုသုံးပြီး သားကောင်တွေလိုအမဲလိုက်ခံလာရတဲ့အခါ တရားခံကဘယ်သူဖြစ်မလဲ။ ဘာရည်ရွယ်ချက်နဲ့ ဒီလိုလုပ်နေရတာလဲ။ ရေဘန်ရဲ့သမီးလေးကရော ဒီကိစ္စတွေနဲ့ဘယ်လိုတွေပက်သက်နေမှာလဲ စတာတွေကိုတော့ ဒီကားလေးမှာရှုစားရမှာဖြစ်ပါတယ်။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 282 MB | |
720p | Yandex | 424 MB | |
1080p | Yandex | 804 MB |