
ဒီကားလေးကတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Crime, Drama, Mystery အမျိုးအစား ရုပ်ရှင်လေးဖြစ်ပြီးတော့ IMDb rating 5.6/10 အထိရရှိထားပါတယ်။
ဒီကားလေးအကြောင်းပြောရရင် ဇာတ်လမ်းအစမှာ စုံထောက်ကြီးဂျေကော့ရဲ့ သမီးတို့လင်မယားဟာ ဥရောပကိုဟန်းနီးမွန်းထွက်ရင်း အသတ်ခံလိုက်ရပါတယ်။ အသတ်ခံရတာကလည်း ရိုးရိုးမဟုတ်ဘဲ အရင်တုန်းကပန်းချီကားတွေ ပန်းပုရုပ်တွေရဲ့ ပုံစံအတိုင်းသတ်ခံထားရတာပါ။ အရင်ကလည်း ဒီလိုပုံစံအသတ်ခံရတာတွေ ရှိခဲ့လို့ကွင်းဆက်လူသတ်မှုအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီလိုအသတ်ခံရပေမဲ့ ရဲတွေကဖော်ထုတ်ဖို့ခက်ခဲနေတဲ့အခါ အဖေဖြစ်သူ စုံထောက်ကြီးဂျေကော့ကိုယ်တိုင် အမှုကိုဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။
ဒီလိုဖော်ထုတ်ရာမှာ ဘာတွေကြုံရမလဲ။ အမှုကရော ဘာလို့ဖော်ထုတ်ရခက်ခဲနေတာလဲ။ သတ်တဲ့တရားခံက ရိုးရိုးမသတ်ဘဲ ဘာဖြစ်လို့အလောင်းတွေကို ပုံစံအမျိုးမျိုးပြင်ဆင်ထားရတာလဲ။ လူသတ်သမားကရော ဘာဖြစ်လို့ခုလိုတွေသတ်နေရတာလဲနဲ့ သူအောင်မြင်စွာဖော်ထုတ်နိုင်မှာလား ဆိုတာတွေကိုတော့ ဒီကားလေးထဲမှာ ရှုစားရမှာဖြစ်ပါတယ်။ စုံထောက်ကားဆိုတဲ့အတိုင်းပဲ လှည့်ကွက်ကောင်းကောင်းတွေ အမှုဇာတ်လမ်းဖော်ထုတ်ခန်းတွေနဲ့ တရားခံနဲ့ရဲတွေ ဦးနှောက်ယှဥ်ပြိုင်ကြတာတွေကို စိတ်ဝင်စားစရာကောင်းအောင် လှလှပပရိုက်ကူးထားလို့ ကြည့်သင့်တဲ့ကားလေးတစ်ကားပဲ ဖြစ်ပါတယ်နော်။
Translated by EiEiAung