
အခုတင်ဆက်ပေးမယ့်ကားကတော့ ကမ္ဘာတစ်ဝှမ်းကလူတွေကြားမှာ ယူဆချက်ကိုယ်စီကိုယ်စီနဲ့ နာမည်ကြီးနေတဲ့ကားလေးတစ်ကားဖြစ်တဲ့ (El Hoyo) The Platformဆိုတဲ့ကားလေးပါ။ ဒီကားလေးကတော့ Horror, Sci-Fi, Thriller အမျိုးအစားဖြစ်ပြီး IMDb rating 7.0/10 အထိရရှိထားတာပါ။
အချို့ကဒီကားလေးကိုကြည့်ပြီး Humanism(လူသားဝါဒ)တဲ့၊ အချို့ကတော့ Capitalism(အရင်းရှင်ဝါဒ)တဲ့၊ တစ်ချို့ကတော့ Existentialism(ဖြစ်တည်မှုပဓာနဝါဒ) စသည်ဖြင့် မတူကွဲပြားတဲ့အမြင်တွေနဲ့ မျိုးစုံထင်ကြေးပေးနေကြပါတယ်။ ဒီကားလေးကလူတွေရဲ့ Dark Sideကို ပေါ်လွင်အောင်မီးမောင်းထိုးပြထားတဲ့ ကားလေးဖြစ်ပြီး သွေးထွက်သံယိုခန်းတွေ၊ ရွံစရာဇာတ်ဝင်ခန်းတွေပါလို့ ကလေးတွေကြည့်ဖို့ကိုတော့ အားမပေးပါဘူး။
ဇာတ်လမ်းအစကိုပြောရရင် ဂေါ်ရန်ဆိုတဲ့သူက အကျဥ်းထောင်တစ်ခုလိုနေရာမှာ အခန်းဖော် ထရီမာဂါစီနဲ့အတူနိုးလာပါတယ်။ ဒီထောင်ရဲ့အလယ်တည့်တည့်မှာ တိုးလျိုပေါက်အပေါက်ကြီးရှိကြီး အထပ်တွေကိုအပေါ်အောက်မြင်နေရပါတယ်။ စားစရာတွေကို တစ်နေ့မှာတစ်ကြိမ် အဲဒီအပေါက်ကြီးကနေတစ်ဆင့် စင်ကြီးနဲ့တစ်ထပ်ချင်းစီ အပေါ်ကနေအောက်ကို ပို့ပေးပါတယ်။ အဲဒီတော့ အပေါ်ဆုံးထပ်ကလူတွေက စိတ်ကြိုက်စားလို့ရပြီး အောက်ကလူကအပေါ်ကလူရဲ့ စားလို့ကျန်တာကိုစားရပါတယ်။ အောက်ပိုရောက်လာလေ စားစရာပိုနည်းလာလေပါ။ အလွှာတွေက တစ်လတစ်ခါ လူတွေကိုနေရာပြောင်းပါတယ်။ ဒီအကြောင်းကို ရိုးရိုးလေးရိုက်ထားပေမယ့် သူပေးချင်တဲ့ message ကဆန်းပါတယ်။ ဒီကားရဲ့ထူးခြားချက်က dialogue တွေက အပြင်လောကကိုရည်ညွှန်းသလို သရော်သလိုလို ရိုက်ကူးထားတာပါ။ ပုံမှန်တွေ့ရိုးတွေ့စဥ်ကားထဲက လုံးဝကွဲထွက်နေပြီးတော့ ကြည့်မိတဲ့သူကို ကိုယ်တိုင်ဇာတ်လမ်းတစ်ခုတွေးမိပြီးဖန်တီးမိအောင် လုပ်နိုင်ပါတယ်။
ဒီကားမှာပါသွားတဲ့ ထရီမာဂါစီနဲ့ အီမိုဂီရီဆိုတဲ့ character နှစ်ယောက်ကလည်း တစ်ကိုယ်ကောင်းဆန်တာနဲ့ ကိုယ်ကျိုးမငဲ့တာကို ဖော်ညွှန်းတာလို့ထင်မြင်မိပါတယ်။ ဒီကားလေးမှာ တွေးမိတာကတော့ အရာရာအဆင်ပြေနေတဲ့ level 10 လိုအထပ်မှာ လူကောင်းလုပ်ရတာလွယ်ပါတယ်။ level100ကျော်ရင်တော့ သရုပ်မှန်ကိုမြင်ရပါပြီ။ ကဲဒီကားလေးကတော့ တွေ့ရခဲတဲ့ကားလေးမျိုးဖြစ်လို့ သေချာပေါက်ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။
Translated by EiEiAung