
ဒီတစ်ခါတော့ Asian American Film Festival တွေမှာ ဆုတွေရရှိထားတဲ့ တရုတ်ကွန်ဖူး အင်္ဂလိပ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ IMDb ratingက 6.5ဆိုပေမဲ့ အတော်ကြည့်လို့ကောင်းပြီး ရယ်လည်းရယ်ရတဲ့ Action, Comedy ကားလေးပါ။
ဒိုင်စီဟင်န်၊ အာဟင်းန်နဲ့ အာဂျင်းတို့သုံးယောက်က ကွန်ဖူးဆရာကျောင်ရဲ့ ဆရာတူတပည့်သုံးယောက်ပါ။ အဲဒီထဲမှာမှ ဒိုင်စီဟင်န်ရဲ့ကွန်ဖူးက အရမ်းကောင်းတာကြောင့် လက်ရှစ်ဖက်ဒန်နီဆိုတဲ့နာမည်ပြောင်ရထားတဲ့အပြင် သူတို့ကိုလည်း ကျားသုံးကောင်ဆိုပြီး လူသိများကြပါတယ်။ ဒါပေမဲ့ တစ်ရက်မှာ သူတို့တွေပြဿနာလေးတစ်ခုကြောင့် ကိုယ့်လမ်းကိုယ်လျှောက်ပြီး စီးပွားရေးလုပ်သူလုပ် ဆေးကုစားသူစားနဲ့ ဖြစ်ကုန်ပါတယ်။ တစ်နေ့ကျတော့ အာဟင်းန်တစ်ယောက် ဒိုင်စီဟင်န်ဆီ ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာပြီး ဆရာဖြစ်သူသေဆုံးသွားလို့ စျာပနချတော့မယ်လို့ ပြောလာပါတယ်။ ဒါကြောင့် စျာပနပွဲကိုသွားတက်ကြရင်း သူတို့ဆရာသေရတာ ရိုးရိုးသားသားမဟုတ်ဘဲ အသတ်ခံရတာဖြစ်နိုင်ခြေရှိတယ်လို့ သိလာရတော့ သေရတဲ့အကြောင်းကို လိုက်စုံစမ်းရင်း ကွန်ဖူးလောကထဲ ပြန်ရောက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကွန်ဖူးနဲ့ဝေးကွာနေတဲ့အပြင် အသက်တွေရလာပြီဖြစ်တဲ့ သူတို့သုံးယောက်အတွက် ဒီကွန်ဖူးခရီးကြမ်းကလွယ်ပါ့မလား။ ဘယ်လိုတွေဖြစ်ကြဦးမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရမယ့်ကားကောင်းလေးဖြစ်ပါတယ်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.48 GB | |
720p | ⚡Fast Drive | 629 MB | |
480p | ⚡Fast Drive | 357 MB | |
🔥 1080p 5.1CH | G Drive | 1.48 GB | |
720p | G Drive | 629 MB | |
480p | G Drive | 357 MB | |
🔥 1080p 5.1CH | Solid Drive | 1.48 GB | |
720p | Solid Drive | 629 MB | |
480p | Solid Drive | 357 MB |