
ဒီကားလေးကတော့ အသစ်စက်စက်ထွက်ရှိထားတဲ့ Animation, Adventure, Comedy အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 6.8/10အထိရရှိထားပါတယ်။
ဒီကားလေးကို 1962ကအာဖရိကအလယ်ပိုင်းမှာ မွေးဖွားခဲ့တဲ့ အိုင်ဗန်ဆိုတဲ့မျောက်ဝံလေးရဲ့ တကယ့်ဘဝကိုအခြေခံပြီး ဒါရိုက်တာ Thea Sharrockကရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးက ငယ်ငယ်တည်းက လူတွေမွေးစားခံခဲ့ရတဲ့ မျောက်ဝံလေးတစ်ကောင်ရဲ့ ဘဝအနိမ့်အမြင့်တွေကို ဟာသလေးရောပြီး ကြည့်ရှုခံစားနိုင်အောင် ရိုက်ထားတာဖြစ်ပါတယ်။
အိုင်ဗန်ဆိုတဲ့မျောက်ဝံကြီးဟာ ဖျော်ဖြေပွဲတစ်ခုမှာ ပရိတ်သတ်တွေသဘောကျအောင် မာန်ဖီပြတာတို့၊ ရင်ဘတ်ထုပြတာတို့လုပ်ရပါတယ်။ ဒါပေမဲ့သူတို့ရဲ့ပွဲလေးကို လာကြည့်သူတွေနည်းလာခဲ့ပြီး ပိုင်ရှင်ဖြစ်သူမက်က ဆင်ပေါက်လေးတစ်ကောင်ဝယ်ယူခဲ့ပါတယ်။ ဆင်ပေါက်လေးက တောရိုင်းဘဝအကြောင်းကို ပုံပြင်တွေပဲကြားဖူးပြီး လက်တွေ့တောထဲမှာနေရဖို့ စိတ်ကူးယဥ်နေသူလေးပါ။
တစ်နေ့အိုင်ဗန်ရဲ့သူငယ်ချင်း ဆင်မကြီးစတယ်လာက သူ့တုန်းကမရခဲ့တဲ့လွတ်လပ်မှုတွေကို ဆင်ပေါက်လေးရူဘီ ရရှိစေအောင်ကူညီပေးဖို့ အိုင်ဗန်ကိုတောင်းဆိုခဲ့ပြီး အိုင်ဗန်ကကူညီဖို့ ကတိပေးခဲ့တာကြောင့် တောရိုင်းထဲမှာ လွတ်လွတ်လပ်လပ်နေရဖို့ သူတို့ကြိုးစားပုံလေးတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။
ဒီကားလေးမှာ တိရိစ္ဆာန်လေးတွေကို ကြင်နာတတ်လာအောင်၊ သူတို့လေးတွေရဲ့ဘဝတွေကို ပိုကောင်းအောင်လုပ်ပေးချင်လာအောင် ရိုက်ပြထားပြီးတော့ မိသားစုနဲ့ကြည့်လို့ကောင်းတဲ့ ကားမျိုးဖြစ်ပါတယ်။ Animationတွေကလည်း ပီပြင်ပြီးတော့ တိရိစ္ဆာန်လေးတွေကြားက ရင်းနှီးတဲ့ဆက်ဆံရေးတွေကို ရယ်ရယ်မောမောကြည့်ရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်နော်။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 272 MB |
Watch online | Yandex | 720p | 444 MB |
Watch online | Yandex | 1080p | 844 MB |