
ဒီဇာတ်ကားကတော့ Netflix ကနေ မကြာသေးခင်ကမှ ထွက်လာတဲ့ ဇာတ်ကား အသစ်ကလေးပဲ ဖြစ်ပါတယ်။ rating တွေ review တွေလည်း အတော်လေးကောင်းတဲ့ ကားလေးပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း-
အန်ဒီဆိုတဲ့ အမျိုးသမီးဟာ မသေမျိုးစစ်သည်တစ်ဦးပါ။ သူမဟာ အသက်ရှင်ခဲ့တာ နှစ်တွေကြာနေပြီဖြစ်လို့ ကိုယ့်အသက်ကိုယ်တောင် မမှတ်မိတော့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။
သူက သူ့လို မသေမျိုးလူတွေနဲ့ အုပ်စုဖွဲ့ပြီးတော့ သူတို့ ခံယူချက်အရ မှန်တယ်ထင်တဲ့အရာတွေကို လုပ်ဆောင်နေကြပါတယ်။
သူတို့ဟာ မသေနိုင်တဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းထားကြတယ်။
ဒီလိုနဲ့ သူတို့ဟာ မသေနိုင်တဲ့ သူတွေဖြစ်ကြောင်းကို သံသယ၀င်တဲ့သူ ရှိလာပါတယ်။
အဲ့ဒီလူက သူတို့ကို ဖမ်းပြီး သိပ္ပံနည်းအရ စမ်းသပ်ချင်နေတာ။ စမ်းသပ်မှုအောင်မြင်ရင် လူတွေကို မသေေစနိုင်တဲ့ဆေးတွေ ထုတ်နိုင်မယ်ဆိုပြီး ယုံကြည်နေတဲ့သူပေါ့။
သူတို့အနေနဲ့ အနိုင်ယူနိုင်ပါ့မလား။ တကယ်ကော သူတို့က ဘယ်တော့မှ မသေနိုင်တဲ့ သူတွေလားဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရမယ့် ကားကောင်းလေး တစ်ကားပါ။