
ခင်ပွန်းသည် မမျှော်လင့်ပဲသေဆုံးမှုအပေါ် အံ့သြသင့်ဝမ်းနည်းမှုတွေနဲ့ မယုံနိုင်စရာကြေကွဲခြင်းတွေအတူ ဘတ်သ် (Rebecca Hall) တစ်ယောက် သူ့ခင်ပွန်းသည် သူ့အတွက်တည်ဆောက်ခဲ့တဲ့ ရေကန်ဘေးက အိမ်ကြီးရဲ့ဘေးမှာ တစ်ယောက်တည်းကျန်နေခဲ့ပါတယ်။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့ အချိန်မှာ အိမ်မက်ဆိုးတွေစတင်လာခဲ့တာပါပဲ။
အိမ်ကြီးထဲမှာ အသံတစ်သံဟာ သူ့နာမည်ကိုခေါ်တယ်။ စတီရီယိုစက်ဟာ ညနက်သန်းခေါင်ထပွင့်လာတယ်။ ပြူတင်းပေါက်ကလှမ်းကြည့်လိုက်တဲ့အခါ ရေကန်ထဲမှာ သူ့ခင်ပွန်းကို မြင်ရတယ်။ တစ်ခါတစ်လေ ရေကန်အတိုင်းလှေနဲ့လိုက်သွားပြီး သတိရလာတဲ့အခါရေကန်တစ်ဖက်မှာ သူ့အိမ်နဲ့ပုံစံတူပေမယ့် အစစအရာရာ ပြောင်းပြန်ဖြစ်နေတဲ့ အိမ်တစ်လုံးကိုတွေ့ရတယ်။ အဲ့ဒီအိမ်ထဲကို တံခါးဖွင့်အဝင်မှာ အိပ်ပျော်နေတဲ့ သူ့ကိုယ်သူမြင်လိုက်ရပြီး၊ လန့်အနိုးမှာ အိမ်မက်ဖြစ်နေတာကို သိရတယ်။ အိမ်မက်ထဲမှာ သူမြင်လိုက်ရတဲ့နေရာကနေ သူကိုယ်တိုင်လန့်နိုးလာတာပါပဲ။
ဒီလိုနဲ့ သူငယ်ချင်းမိတ်ဆွေတွေ တားနေတဲ့ကြားကသူ့ခင်ပွန်းထားရစ်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကို စုံစမ်းရင်း စုံစမ်းရင်းကနေ ထိတ်လန့်တုန်လှုပ်စရာအကြောင်းတွေကို တစ်ဖြည်းဖြည်းသိရှိလာခဲ့ပြီး သူ့ခင်ပွန်းသွားခဲ့တဲ့ ခရီးနဲ့ထပ်တူ သူကိုယ်တိုင်လိုက်ရဖို့ဖြစ်လာပါတော့တယ်။
သရဲခြောက်တဲ့အိမ်ကြီး ဇာတ်ကြောင်းတွေရှိခဲ့ဖူးသမျှတွေနဲ့ ကွဲပြားခြားနားပြီး ဆန်းသစ်လှပတဲ့ ရိုက်ချက်တွေ တင်ဆက်ပုံတွေကိုလတ်ဆတ်စွာခံစားရမှာဖြစ်ပြီး ဘယ်လို Horror ပရိသတ်မျိုးမဆိုကြိုက်နှစ်သက်စေမယ့်ပရိသတ်တွေရော ဝေဖန်ရေးဆရာတွေပါ သဘောထားထပ်တူညီထားကြတဲ့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | Solid Drive | 2.57 GB | |
🔥 1080p 5.1CH | Solid Drive | 1.20 GB | |
720p | Solid Drive | 1.20 GB | |
480p | Solid Drive | 263 MB | |
🔥 4K | ⚡Fast Drive | 2.57 GB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.20 GB | |
720p | ⚡Fast Drive | 418 MB | |
480p | ⚡Fast Drive | 263 MB | |
🔥 4K | G Drive | 2.57 GB | |
🔥 1080p 5.1CH | G Drive | 1.20 GB | |
720p | G Drive | 418 MB | |
480p | G Drive | 263 MB |