
စတင်ရိုက်ကူးဖို့ရည်ရွယ်ချိန်ကစလို့ ချိန်းလိုက်ပျက်လိုက် ရက်ရွှေ့လိုက် လူပြောင်းလိုက် ပြန်ရိုက်လိုက် ရုံတင်ရက်ပြောင်းလိုက် အကြိမ်ကြိမ်နှောင့်နှေးခဲ့တဲ့ The New Mutants လာပါပြီ။
ဒင်နီယယ်မွန်းစတားဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အမေရိကန်ဒေသခံ အင်ဒီးယန်းမျိုးနွယ်တစ်ယောက်ဖြစ်ပြီး သူတို့နေထိုင်တဲ့ သီးသန့်နေရာဒေသကိုမုန်တိုင်းကြီးဝင်မွှေသွားခဲ့တဲ့အတွက် သေလုနီးပါးဖြစ်ခဲ့ပါတယ်။ သူနိုးထလာချိန်မှာတော့ စမ်းသပ်ခန်းလိုဆေးရုံလိုနေရာကြီးတစ်ခုဆီမှာရောက်နေပြီး သူတို့နယ်မြေမှာ သူတစ်ယောက်တည်းအသက်ရှင်ကျန်ရစ်ခဲ့တဲ့အကြောင်း သူသက်သာမလာမချင်း ဒီနေရာမှာပဲဆက်နေရမှာဖြစ်တဲ့အကြောင်းပြောပြီး သူနဲ့ရွယ်တူတစ်ခြား ဆယ်ကျော်သက်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။
နောက်ပိုင်း ဒင်နီယယ်သိလာရတာက ဒီကိုရောက်နေတဲ့လူငယ်တိုင်းဟာ အတိတ်ဆိုးတစ်ခုဆီရှိသလို လူသာမန်တွေထက်ပိုထူးခြားတဲ့အစွမ်းတွေလဲပိုင်ဆိုင်ပါတယ်။ သူကိုယ်တိုင်ပါ သူတို့လိုလူမျိုးဆိုတာသိလာရတဲ့နောက် စခန်းမှာ ထိတ်လန့်စရာအဖြစ်အပျက်တွေဖြစ်ပေါ်လာပါတော့တယ်။
အဲ့ဒီအိမ်မက်ဆိုးတွေရဲ့ တရားခံဟာ ဘယ်သူလဲ၊ ဒီစခန်းဟာ သူတို့ကိုပြောထားသလို တကယ်ပဲ သန္ဓေပြောင်းလူငယ်တွေကို ကိုယ့်အစွမ်းကိုယ်ထိန်းချုပ်နိုင်အောင် လေ့ကျင့်ပေးတဲ့နေရာတစ်ခုလား ဒါမှမဟုတ် X-Men အတွဲတွေရဲ့ ၁၃ ကားနဲ့နောက်ဆုံးမြောက်ဒီကားမှာတော့ ကိုယ့်အကြောက်တရားတွေနဲ့ ကိုယ်ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်မျူတန့်လေးတွေကိုတွေ့ရပါလိမ့်မယ်။
superhero ကိုမှ horror ဆိုတဲ့အတိုင်း ခြောက်လှန့်တဲ့အခန်းတွေ အတော်မိုက်ပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အက်ရှင်ပရိသတ်တွေအတွက် အက်ရှင်ခန်းတွေလဲစိတ်မပျက်ရအောင် မြင်တွေ့ရပါမယ်။ ပရိသတ်နဲ့ရင်းနှီးပြီးသား ဆယ်ကျော်သက်သရုပ်ဆောင်တွေဖြစ်တဲ့ Game of thrones ထဲက Maisie Williams တို့ Marrowbone ထဲက Anya Taylor-Joy, Charlie Heaton တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။
Download | Quality | Server | Size |
---|---|---|---|
480p | G Drive | 272 MB | |
720p | G Drive | 459 MB | |
1080p | G Drive | 935 MB | |
480p | Solid Drive | 272 MB | |
720p | Solid Drive | 459 MB | |
1080p | Solid Drive | 935 MB | |
480p | Yandex | 272 MB | |
720p | Yandex | 459 MB | |
1080p | Yandex | 935 MB | |
480p | Backup | 272 MB | |
720p | Backup | 459 MB | |
1080p | Backup | 935 MB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 272 MB | |
720p | Yandex | 459 MB | |
1080p | Yandex | 935 MB | |
480p | Backup | 272 MB | |
720p | Backup | 459 MB | |
1080p | Backup | 935 MB |