
“အမေတွေဆီကဖုန်းကောလ် ၉၀ရာခိုင်နှုန်းက လျစ်လျူရှုခြင်းခံနေရတယ်” ဒီစကားဟာဇာတ်ကားလေးထဲမှာ ပါတဲ့အမှန်တရားစကားတစ်ခုပါ။ ဇာတ်ကားလေးကတော့ မိသားစုဆက်ဆံရေး အကြောင်းနဲ့ နည်းပညာတွေရဲ့ မျက်ကွယ်ကဆိုးကျိုးကိုမီးမောင်းထိုးပြထားတဲ့ကားတွန်းကားကောင်းလေးပါ။
animation ကားဆိုပေမယ့် entertainment အပြင်သူတို့ ပေးချင်တဲ့ message တွေကိုကောင်းကောင်းရိုက်ပြထားနိုင်တာဟာ အရမ်းကိုသဘောကျစရာကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် မိသားစုဝင်လေးယောက်ရှိတဲ့ မစ်ချယ်စ်မိသားစုဟာ အခြားမိသားစုတွေနဲ့ မတူပဲ တစ်ယောက်တစ်မျိုးဆီ နေပုံထိုင်ပုံထူးခြားတဲ့ အူကြောင်ကြောင်မိသားစုလေးပါ။
ကေတီဟာ သူမရဲ့ ကာတွန်းရုပ်ရှင်ဖန်တီးတဲ့အနုပညာကို သူမအဖေကို အမြဲပြောပြချင်မျှဝေချင်ခဲ့ပေမယ့် သူ့အဖေက အမြဲ လျစ်လျူရှုခဲ့ပါတယ်။ သူမရဲ့မောင်လေးကတော့ သူမကိုအမြဲကူညီအားပေးခဲ့တယ် ။ ကေတီဟာ လက်မလျှော့ပဲ နိုင်ငံရပ်ဝေးမှာရုပ်ရှင်အနုပညာကျောင်းသွားတက်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဝင်ခွင့်ရသွားခဲ့ပါတယ် ။ နိုင်ငံရပ်ဝေးမှာ သူမဝါသနာအတွက်ကျောင်းသွားတက်ဖို့မသွားခင် နောက်ဆုံးညမှာ ညစာအတူစားကြရင်း အဲ့ဒီပညာနဲ့ အသက်မမွေးနိုင်လောက်ဘူး မအောင်မြင်နိုင်လောက်ဘူးလို့ ကေတီရဲ့အဖေရစ်ခ်က သူ့သမီးကိုစိုးရိမ်ပူပန် လို့ပြောရာကနေပြဿနာဖြစ်ခဲ့ကြပါတယ် ။
ရစ်ခ်ကသူအမှားလုပ်မိတဲ့အတွက် ကေတီ့ကိုအလျော်ပေးတဲ့အနေနဲ့ မိသားစုလိုက် နိုင်ငံရပ်ဝေးကကျောင်းကိုကားမောင်းပြီး လိုက်ပို့ဖို့ လုပ်တဲ့အခါ ကေတီ သဘောကျပါ့မလား ၊ မိသားစုလိုက် ကေတီ့ကျောင်းကို ကားမောင်းသွားရင်း လမ်းခရီးမှာဘယ်လိုတွေကြုံရမလဲ ၊ သမီးနဲ့အဖေ ပြန်အဆင်ပြေပါ့မလား ၊ ကမ္ဘာကြီးကစက်ရုပ်ဘေးကြုံရတဲ့အခါသူတို့ ဘယ်လိုအတူ ဖြေရှင်းကြမလဲ ဆိုတာ ပျော်စရာကြည်နူးစရာရိုက်ထားတဲ့ကားကောင်းလေးဖြစ်ပါတယ် ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 2.16 GB | |
720p | ⚡Fast Drive | 846 MB | |
480p | ⚡Fast Drive | 491 MB | |
🔥 1080p 5.1CH | G Drive | 2.16 GB | |
720p | G Drive | 846 MB | |
480p | G Drive | 491 MB | |
🔥 1080p 5.1CH | Solid Drive | 2.16 GB | |
720p | Solid Drive | 846 MB | |
480p | Solid Drive | 491 MB |