
ဒီတစ်ခါတော့ လုံးဝကိုငြိမ့်ငြိမ့်လေးနဲ့ ကြည့်လို့ကောင်းတဲ့ Dramaကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးက Han van Meegerenဆိုတဲ့ ၁၉၀၀ပြည့်နှစ်ကျော်လောက်က ဒတ်ချ်လူမျိုး ပန်းချီဆရာတစ်ယောက်ရဲ့ ထူးခြားတဲ့ဘဝဇာတ်ကြောင်းကို မှီငြမ်းရိုက်ကူးထားတာပါ။ တစ်ခါတစ်လေမှာ ဘဝဖြစ်ရပ်မှန်တွေက စိတ်ကူးယဉ်ဖြစ်ရပ်တွေထက် အများကြီးဆန်းကြယ်တယ်ဆိုတာကို ဒီဇာတ်လမ်းလေးက သက်သေခံနေပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နယ်သာလန်ပြည်ထောင်စုကြီး နာဇီတွေလက်အောက်ကနေ လွတ်လပ်ရေးရကာစအချိန်ကာလမှာ ကပ္ပတိန်ဂျိုးဆက်ပီလာဆိုတဲ့ အရာရှိတစ်ယောက်က စစ်ပွဲကာလအတွင်းမှာ နာဇီတွေနဲ့ဆက်ဆံမှုရှိခဲ့တဲ့ သစ္စာဖောက်တွေကိုဖော်ထုတ်နေပါတယ်။ ဒီလိုနဲ့ စစ်ပွဲအတွင်းမှာ နာဇီခေါင်းဆောင်ဂိုရင်းဆီ သမိုင်းတစ်လျှောက်စံချိန်တင်ပမာဏဖြစ်တဲ့ ငွေ၁.၆သန်းကျော်နဲ့ ၁၆ရာစုပန်းချီဆရာ ဗာမီးယာရဲ့ လက်ရာပန်းချီကားကို ရောင်းဝယ်ခဲ့မှုက သူ့ဆီရောက်လာပါတယ်။ နယ်သာလန်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ပန်းချီကားကို နာဇီတွေဆီရောင်းတာက သစ္စာဖောက်မှုဖြစ်လို့ လိုက်လံဖမ်းဆီးချိန်မှာတော့ ဒီဖြစ်ရပ်ကထင်ထားတာထက် အများကြီးနက်နဲနေတာကို သိလာရပါတယ်။
ဟန်ဗန်မီဂရန်ဆိုတဲ့ ပန်းချီဆရာက ဘယ်လိုလူမျိုးဖြစ်မလဲ။ အနုပညာနဲ့အသက်မွေးရတဲ့ဘဝက ဘယ်လောက်တောင်ခက်ခဲလဲ။ အာဇာနည်ဆိုတာ သေမှဖြစ်သလို အဲဒီခေတ်တုန်းက ပန်းချီဆရာတွေကိုလည်း ဝေဖန်ရေးဆရာတွေက ဘယ်လိုတွေဖိနှိပ်ခဲ့ကြလဲဆိုတာ တွေ့မြင်ရမှာပါ။
ဇာတ်လမ်းတစ်ခုလုံးက ကြည့်ရှုသူကိုဆွဲဆောင်ထားနိုင်သလို ဒါကတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့ ခံစားချက်ကြောင့် ကြည့်ရတာပိုအရသာရှိစေပါတယ်။ Dramaကားကောင်းကြည့်ချင်တဲ့ ပရိတ်သတ်တွေ လုံးဝကို အကြိုက်တွေ့စေမယ့် ကားကောင်းလေးဖြစ်မှာပါ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | ⚡Fast Drive | 1.26 GB | |
720p | ⚡Fast Drive | 571 MB | |
480p | ⚡Fast Drive | 341 MB | |
🔥 1080p 5.1CH | G Drive | 1.26 GB | |
720p | G Drive | 571 MB | |
480p | G Drive | 341 MB | |
🔥 1080p 5.1CH | Solid Drive | 1.26 GB | |
720p | Solid Drive | 571 MB | |
480p | Solid Drive | 341 MB | |
🔥 1080p 5.1CH | Yandex | 1.26 GB | |
720p | Yandex | 571 MB | |
480p | Yandex | 341 MB |
Watch online | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Yandex | 1.26 GB | |
720p | Yandex | 571 MB | |
480p | Yandex | 341 MB |