
– Story line ကတော့ အထက်တန်းလွှာ သူငယ်ချင်းအုပ်စုတွေထဲက မာတင်ဆိုတဲ့သူရဲ့အကောင့် Hack ခံလိုက်ရာမှ သူတို့တွေ စနောက်ပြီးပြောထားတဲ့ အကြောင်းအရာတွေ ပေါက်ကြားသွားခဲ့ပါတယ်။
– အဲ့ဒီလိုပေါက်ကြားသွားတဲ့အထဲမှာမှ စီအီးအိုအသီနာစတုန်း ခေါင်းဆောင်ပြီး အပြောင်အပျက်သဘောမျိုးနဲ့ လူတွေကိုပြန်ပေးဆွဲကာ အိမ်ကြီးထဲမှာအမဲလိုက်နေကြတယ်ဆိုတဲ့ Chatting တွေပါပါတယ်။
-အဲ့ဒီကိစ္စရဲ့ နောက်ဆက်တွဲအနေနဲ့ အသီနာဟာ စီအီးအိုရာထူးကနေ နှုတ်ထွက်ပေးရသလို ကျန်တဲ့လူတွေလည်း အသီးသီး အထိနာခဲ့ရပါတယ်။
– အဲ့ဒါကြောင့် သူတို့တွေဟာ အင်တာနက်မှာ သတင်းတွေမှာ သူတို့ကိုလူတွေ အမုန်းပွားအောင် ဝါဒဖြန့်နေတဲ့လူ ၁၂ယောက်ကိုရွေးချယ်ပြီး လက်စားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အများတွေထင်နေကြတဲ့အတိုင်း လူတွေကို အမဲလိုက်ပြီး သတ်ဖြတ်နေတဲ့ ပုံစံအတိုင်း လုပ်ဖို့စီစဉ်ကြပါတယ်။
– IMBd 6.4 ရထားတဲ့ ဒီဇာတ်ကားဟာ ခပ်အေးအေးဆိုပေမယ့် အသတ်အဖြတ်ခန်းတွေနဲ့ ကြည့်ရှု့ရတာ တန်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်လို့ပြောရင်း အညွှန်းကိုအဆုံးသတ်လိုက်ပါတယ်။