
ဒီကားကတော့ The Holy Man 1 နဲ့နည်းနည်းအဆက်အစပ်ရှိပါတယ် ကျောင်းထိုင်ဆရာတော်ဘုရားဖူးသွားခဲ့တဲ့အတွက် ကျန်တဲ့ဦးဇင်းတစ်ပါးနဲ့ဇာတ်လမ်းစထားပါတယ်
အဲဒီဦးဇင်းကလည်း ဓမ္မကိုရှာဖွေဖို့ဆိုပြီးခရီးအရှည်ကြီးစခဲ့ရက ရွာတစ်ရွာကိုရောက်သွားခဲ့ပါတယ် အဲဒီရွာလေးဟာ ကျောက်ခွဲစက်ရုံနားမှာတည်ထားတဲ့အတွက် ကျောက်တစ်ခါခွဲတိုင်းရွာရဲ့လူတွေမှာနေစရာမရှိပါဘူး ပြေးရပုန်းရအသက်အန္တာရယ်တောင်စိုးရိမ်ရပါတယ် အဲဒီပြဿနာကို ဦးဇင်းနဲ့ရွာကလူတွေဘယ်လိုဖြေရှင်းမလဲ ဘယ်လိုအလွဲတွေဖြစ်လာဦးမလဲဆိုတာ ဟာသဆန်ဆန်ကြည့်ရှူရမှာပါ