
ဝေလတောင်ကုန်းတွေထက်က ခမ်းနားတဲ့အိမ်ကြီးတစ်အိမ်မှာ ညစာစားပွဲတစ်ခုစီစဉ်ထားပါတယ်။ သူတို့မိသားစုဝင်လေးဦးအပါအဝင်တက်ရောက်မယ့်ဧည့်သည်တွေက ခြံနီးချင်းလင်မယားနှစ်ယောက်နဲ့ အိမ်ထောင်ဦးစီးရဲ့ စီးပွားဖက်တစ်ယောက်သာဖြစ်ပါတယ်။ အဲ့ဒီညနေမှာတော့ အိမ်ရှင်မကို ကူလုပ်ပေးဖို့လွှတ်လိုက်တဲ့ အိမ်အကူအမျိုးသမီးတစ်ဦးရောက်ရှိလာခဲ့ပြီး အဲ့ဒီအိမ်အကူအမျိုးသမီးဟာ ကြောက်မက်ဖွယ်လျှို့ဝှက်ချက်တွေကို သယ်ဆောင်လာတဲ့သူဖြစ်ပါတယ်။
ရှေးရိုးစွဲယုံကြည်မှုတွေ၊ အဲ့ဒါကိုအယုံအကြည်မရှိကြတဲ့ခေတ်ပေါ်အရင်းရှင်တွေ၊ ငွေတစ်ခုကလွဲလို့အရာရာကိုပယ်ရှားဖို့ဝန်မလေးသူတွေ၊ ရေပေါ်ဆီလူတန်းစားရဲ့ ပတ်ဝန်းကျင်အပေါ်၊ ဖိနှိပ်လို့ရတဲ့သူတွေအပေါ် မသိလိုက်ဖာသာလွန်ကျူးခဲ့တဲ့ပြစ်မှုတွေ အစရှိတာတွေကို သဘာဝတရားကတစ်နည်းနည်းနဲ့ ပြန်လည်ဒဏ်ခတ်တတ်ပါတယ်။
The Feast ဟာဒီအကြောင်းကိုပညာသားပါပြီး ထူးခြားဆန်းသစ်တဲ့တင်ပြပုံနဲ့တင်ဆက်ထားတဲ့ Mystery Thriller ကားကောင်းတစ်ကားပါ။ ဖြဲခြောက်ပြတဲ့အကွက်တွေမပါပဲ တစ်စိမ့်စိမ့်ကြောက်လာရမယ့်ခံစားချက်မျိုးရပါတယ်။