
ဒီကားလေးကတော့ Netflixက အသစ်စက်စက်ထွက်ရှိထားတဲ့ Crime, Drama, Thriller အမျိုးအစားဖြစ်ပြီး IMDb rating 7.3/10အထိရရှိထားပါတယ်။
ဒီကားထဲမှာ Twilightမင်းသား Robert Pattinsonတို့ ၊ Tom Hollandတို့လို နာမည်ကြီးတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီကားကတော့ ဇာတ်ဝင်ခန်းတစ်ခုချင်းစီကို ကြည့်လိုက်စဥ်းစားလိုက်နဲ့ အေးဆေးလေးကြည့်ရမယ့်ကားကောင်းလေးပါ။ လူတွေရဲ့စရိုက်လက္ခဏာတွေ၊ ခံယူချက်တွေ၊ သူတို့ရွေးချယ်မှုတွေကပြောင်းလဲပေးသွားတဲ့ ဘဝလမ်းကြောင်းတွေကို ဇာတ်လမ်းတစ်ကွက်နဲ့တစ်ကွက် ချိတ်ဆက်ဖော်ပြရင်း ပြန်ပြောပြပေးတဲ့ပုံစံမျိုးနဲ့ ရိုက်ပြထားတာပါ။ အထူးသဖြင့် ဘာသာရေးဘက်မှာ အစွန်းရောက်ယုံကြည်မှုတွေ ဖြစ်လာတဲ့အခါ လူကောင်းကနေလူဆိုးဖြစ်မှန်းမသိ ဖြစ်သွားတာတွေနဲ့ သူတို့ဦးနှောက်ထဲမှာ ဘာသာရေးနဲ့ပက်သက်ပြီး ခံယူချက်ပြင်းထန်မှုတွေက ဘာလို့ဖြစ်လာတာလဲဆိုတာတွေကို လှစ်ဟပြထားပါတယ်။
ဒေါသတွေပေါ်လွင်အောင် သတ်ဖြတ်ခန်းတွေ၊ ရမ္မက်တဏှာကိုဖော်ပြတဲ့ ခပ်ကြမ်းကြမ်းအသုံးအနှုန်းတွေ၊ ယုံကြည်မှုပြင်းထန်မှုကို မြင်ယောင်လာအောင် ရိုက်ထားတဲ့ရိုက်ကွက်တွေကြောင့် အချို့လူတွေစိတ်ထဲမှာတော့ ကြည့်ရတာတစ်မျိုးဖြစ်နေနိုင်ပေမဲ့ ခြုံငုံကြည့်ရင်တော့ အတော်ကောင်းတဲ့ကားလေးဖြစ်လို့ ရှုစားလိုက်ကြပါဦး။
Watch online | Quality | Server | Size |
---|---|---|---|
480p | Backup | 408 MB | |
720p | Backup | 701 MB | |
1080p | Backup | 1.57 GB | |
480p | Yandex | 408 MB | |
720p | Yandex | 701 MB | |
1080p | Yandex | 1.57 GB |