
ဒီကားလေးကတော့ ကိုးရီးယားကားတွေကို သဘောကျတဲ့လူတွေ အကြိုက်တွေ့စေမယ့် Horror, Mystery အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 5.7/10အထိရရှိထားပါတယ်။
ယွန်းဆန်းဝမ်ဟာ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ဆီမှာယွန်းအင်နာလို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ သူတို့မိသားစုဟာ မကြာသေးခင်က ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် ဇနီးဖြစ်သူသေဆုံးသွားခဲ့ပြီး သမီးလေးလည်းရောဂါသည်ဖြစ်သွားပါတယ်။
ဆရာဝန်က အင်နာလေးရောဂါသက်သာလာအောင် လေကောင်းလေသန့်ရတဲ့ နယ်ဘက်မှာနေဖို့ အကြံပေးလိုက်တာကြောင့် လူသူဝေးတဲ့နယ်ဘက်ကအိမ်ကျယ်ကြီးတစ်ခုမှာ သားအဖနှစ်ယောက်တည်းငှားနေဖို့ ဖြစ်လာပါတယ်။ အဲဒီအိမ်ကိုရောက်ချိန်ကစလို့ အင်နာလေးရဲ့အပြုအမူတွေက ထူးဆန်းလာခဲ့ပါတယ်။
တစ်ရက်မှာတော့ အင်နာလေးက အိမ်ကနေအစရှာမရအောင် ပျောက်ဆုံးသွားခဲ့ပြီး ဘယ်မှာမှရှာမတွေ့တော့ပါဘူး။ သူ့သမီးလေးက သာမန်ပျောက်တာမျိုးမဟုတ်ဘဲ မကောင်းဆိုးဝါးကြောင့် တမလွန်လောကဆီရောက်နေတာလို့ ပယောဂဆရာပါလို့ဆိုသူတစ်ယောက်က လာပြောချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲ။ သူတို့တွေ သမီးလေးကိုရော ရအောင်ပြန်ကယ်နိုင်ပါ့မလား။
ဒီကားလေးက တကယ်ခြောက်လှန့်တာမျိုးကို ခံစားချင်သူတွေအကြိုက်တွေ့မယ့် ခြောက်လှန့်ခန်းကောင်းကောင်းတွေပါတဲ့အပြင် အဖေနဲ့သမီးကြားကမေတ္တာတရားတွေ မိဘတွေကြောင့်မြေစာပင်ဖြစ်ရတဲ့ သနားစရာကလေးတွေဘဝတွေကို ပေါ်လွင်လာအောင်ရိုက်ထားလို့ ရင်ထဲမှာတစ်ခုခုထင်ကျန်စေမယ့် ကားလေးပဲဖြစ်ပါတယ်။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 235 MB | |
720p | Yandex | 372 MB | |
1080p | Yandex | 725 MB |