
The Chronicles of Narnia ရဲ့ထွက်ထားတဲ့ သုံးကားထဲက ဒီတစ်ကားကတော့ နောက်ဆုံးထွက်ထားတာပဲ ဖြစ်ပါတယ်။
Lucy နဲ့ Edmund ဟာသူတို့ရဲ့ ဦးလေးအိမ်မှာနေရင်း ဦးလေးရဲ့သားEustaceနဲ့ ကလေးသဘာဝအတိုင်း အဆင်မပြေဖြစ်နေပါတယ်။
သူတို့ဟာ Narnia အကြောင်းတဖွဖွပြောတာကို Eustaceက အလိုမရှိမယုံကြည်ပါဘူး။
တနေ့မှာ တော့သူတို့ ၃ဦးစလုံး Narnia ကိုအမှတ်မထင်ပြန် ရောက်သွားခဲ့ပါတယ်။
အဲ့ဒီမှာ Caspian ဘုရင်ကသူ့ အဖေနဲ့လူယုံတော်မြို့စား ၇ ဦးကိုလိုက်ရှာရင်း ကျိန်စာသင့်နယ်မြေတခုကိုရောက်သွားခဲ့ပါတယ်။ကျိန်စာဒဏ်တွေကို ဘယ်သူတွေခံရမလဲ။ Caspian ကရော မြို့စား ၇ ဦးကိုပြန်ရှာတွေ့နိုင်မလား။
ဒီအပိုင်းမှာတော့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်တိုင်တန်ဖိုးထားရမယ်ဆိုတဲ့ message ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ရိုက်ပြထားပါတယ်။
ဒါ့အပြင် တခြား စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုလည်း ရုပ်ရှင်ထဲမှာ ကြည့်ရမှာပါ။ရုပ်ရှင်ကြည့်ရင်း ကိုယ့်စိတ်ကို ပြန်မြင့်တင်လို့ရတာပေါ့။