
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ တစ်နည်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတွေက ရိုးရှင်းတဲ့သတ္တဝါတွေပါ။ လောကဇာတ်ခုံကြီးပေါ်မှာ ကြိုတင်စီစဥ်ထားတဲဲ့အတိုင်းကြိုးဆွဲရာကနေကြရတဲ့သူတွေပေါ့။ ဘယ်လောက်လဲခွင့်လွှတ်ခြင်းတွေရှိပါစေ ကြိုတင်စီမံထားတဲ့အပြစ်ကိုတော့ခံယူကြရစမြဲပါပဲ။ အကောင်းအဆိုးဒွန့်တွဲနေတယ်။ သူတော်ကောင်းတရားမရှိတာတွေ၊ မရောင့်ရဲတာတွေစသဖြင့်ပေါ့။ အဲဒီလိုအကြောင်းလေးကို ဇာတ်လမ်းပုံစံထွင်ရိုက်ကူးထားတာပါ။
ဇက်ခ်ဟာ စိတ်ဝေဒ နာဖြစ်နေတဲ့သူတစ်ယောက်ပေါ့။ သူအပါအဝင်သူငယ်ချင်း ၇ယောက်ရှိပါတယ်။ တစ်နေ သူငယ်ချင်းတစ်ယောက်က အိမ်အသစ်မှာဆုံဖို့ဖိတ်လို့ ဆုံကြတာပေါ့။အဲဒီမှာ သူတို့၇ယောက်ကြား အချင်းချင်းစာတွေပို့ထားတာတွေ အကြောင်းပြောကြတာပေါ့။ တကယ်က စာတွေကသူတို့တွေပိူ့ထားတာမဟုတ်ပါဘူး။ ဘယ်သူကပို့ပြီးသူတို့ကို ခုလိုဆုံအောင်လုပ်တာလဲ။ ဖြစ်ချင်တော့ လိူင်းတွေကလည်းပျက်သွားပါတော့တယ်။သူတို့လည်းပိတ်မိနေတာပေါ့။ ဘယ်လိုရုန်းထွက်ကြမလဲ။ ဘယ်လိုတွေရင်ဆိုင်ရမလဲ။ အပေါ်ကပြောထားသလိုဘယ်လိုဆက်စပ်မလဲ။ ဒီကားလေးကြည့်ပြီး သံဝေဂ ရရင်လည်းရသွားနိုင်ပါတယ်။ ကြည့်လိုက်ပါဦး