
စစ်အေးတိုက်ပွဲကာလ အရှိန်မြင့်နေတုန်းမှာ ဆိုဗီယက် အာကာသယာဉ်တစ်စင်း မြေပြင်ပေါ်ကိုလျှပ်တိုက်ဆင်းခဲ့ရပြီး အာကာသယာဉ်မှူးတစ်ယောက်သာအသက်ရှင်ကျန်ရစ်သူအဖြစ်ပြန်ပါလာခဲ့ပါတယ်။
နာမည်ကျော် ရုရှားစိတ်ပညာရှင်တစ်ယောက်ကို ခေါ်ယူပြီး အာကာသယာဉ်မှူးရဲ့ စိတ်အခြေအနေကို အကဲဖြတ်လေ့လာခိုင်းခဲ့ချိန်မှာတော့ ကမ္ဘာပေါ်ကို ကမ္ဘာ့ဇာတိမဟုတ်တဲ့ အန္တရာယ်ကြီးမားတဲ့ တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာပါ သူနဲ့အတူလိုက်ပါလာတယ်ဆိုတာကို သိလိုက်ရတဲ့အခါ..။
ဇာတ်လမ်းအကျဉ်းက ဒီလောက်ပဲပြောလို့ရမှာပါ။ ဒီလောက်နဲ့ဆို ရှေ့ကမြင်ခဲ့ပြီးသား sci-fi horror တွေဖြစ်တဲ့ Aliens တို့ Species တို့ကိုတန်းမြင်မိစေမှာပါပဲ။
ဒါပေမယ့် သူ့ပုံစံနဲ့တူ ကွဲကွဲပြားပြားတင်ပြသွားနိုင်သလို ကောင်းမွန်အဆင့်မှီတဲ့အထူးပြုလုပ်ချက်တွေ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခန့်မှုတွေကြောင့် ရုပ်ရှင်ဝေဖန်ရေးဝက်ဆိုဒ်နဲ့ဝေဖန်သူ အများစုဆီက ကောင်းမွန်တဲ့မှတ်ချက်တွေ အများစု ရရှိထားတဲ့ကားပါ။ ဟောလိဝုဒ်လုပ်သမျှ လိုက်တုပဖို့ကြိုးစားရင်း ဘတ်ဂျက်လဲ သုံးနိုင်တဲ့ ရုရှားတွေအတွက်အောင်မြင်မှုရသွားတဲ့ကားတစ်ကားလို့ပြောနိုင်ပါတယ်။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 245 MB |
Watch online | Yandex | 720p | 366 MB |
Watch online | Yandex | 1080p | 708 MB |