
ဒီကားလေးကတော့ အက်ရှင်ကားကြည့်ရတာကြိုက်သူတွေရော စိတ်ကူးယဥ်သိပ္ပံကားကြိုက်သူတွေပါ အကြိုက်တွေ့စေမယ့် 2016ခုနှစ်ကထွက်ရှိထားတဲ့ Action, Adventure, Sci-Fi အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး IMDb rating 6.3/10အထိ ရရှိထားပါတယ်။
ဒေါက်တာကလိုင်းက အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး စစ်ဘက်အတွက်လိုအပ်တာတွေကို တီထွင်ပေးရတာပါ။ သူတီထွင်ထားတဲ့မျက်မှန်တွေကိုလည်း စစ်မျက်နှာစာမှာ စစ်သားတွေသုံးနေကြပါတယ်။ တစ်နေ့မှာ သာမန်မျက်စိနဲ့မမြင်နိုင်ဘဲ သူ့ရဲ့မျက်မှန်ကတစ်ဆင့်ကြည့်မှမြင်ရတဲ့ ဝိညာဉ်လိုလို ပုံရိပ်ယောင်လိုလိုအကောင်တွေက စစ်သားတွေကိုထိလိုက်တာနဲ့ သေဆုံးသွားစေပါတယ်။ ဒါကဘာလဲဆိုတာသိရဖို့ ဒေါက်တာကလိုင်းကို စစ်တပ်ကတွေ့ဆုံဖို့ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပုံရိပ်ကမပီသလို့ ပိုကောင်းတဲ့မြင်ကွင်းရဖို့ ရှေ့တန်းအဖွဲ့နဲ့သူလိုက်သွားချိန်မှာ ထပ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့တစ်ခုလုံးဖရိုဖရဲဖြစ်ကုန်ပါတယ်။
ဒေါက်တာကလိုင်းတစ်ယောက် သူတို့ကြုံနေရတာဘာလဲဆိုတာသိရအောင် လုပ်ပေးနိုင်ပါ့မလား။ ဒီအရာကရော ဘာဖြစ်လို့မမြင်နိုင်ရတာလဲ။ သိပ္ပံပညာနဲ့ဖြေရှင်းနိုင်တဲ့အရာရော ဟုတ်ရဲ့လားစတာတွေကိုတော့ အက်ရှင်ခန်းကောင်းကောင်းနဲ့ ဒီဇာတ်ကားလေးမှာ ကိုယ်တိုင်ပဲရှုစားလိုက်ကြပါဦး။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 353 MB | |
720p | Yandex | 596 MB | |
1080p | Yandex | 1.12 GB |