
ဒီကားလေးကတော့ IMDb rating 9.0/10အထိရရှိထားတဲ့ Drama ကားကောင်းတစ်ကားဖြစ်ပါတယ်။ Simply Fly: A Deccan Odyssey ဆိုတဲ့စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး အိန္ဒိယကားတွေရဲ့ ထုံးစံအတိုင်း ပညာပေးဆန်ဆန်နဲ့ ရသမြောက်အောင် ရိုက်ပြထားပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ မာရာဆိုသူက ရထားတောင်မရပ်တဲ့ တောရွာလေးက အစိုးရကျောင်းဆရာတစ်ယောက်ရဲ့သားဖြစ်ပါတယ်။ အဖေဖြစ်သူက စာပေသမားပီပီ သူတို့ရွာလိုအပ်ချက်တွေကို စာတင်ပြီးအကူအညီတောင်းရုံကလွဲလို့ ဘာမှမလုပ်နိုင်ခဲ့ဘူး။ သူကတော့ ရထားရပ်လာအောင် ရထားကိုခဲနဲ့ပေါက်ခဲ့တယ်။ သူလိုချင်တာရဖို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ကြိုးစားချင်တဲ့ သူ့စိတ်ဓာတ်ကရှင်းတယ်။ သူ့အိပ်မက်ကတော့ လူတန်းစားမရွေးစီးနိုင်တဲ့ တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ဖို့ပါ။ ဒါပေမဲ့ လက်တွေ့ဘဝမှာတော့ သူတို့အိမ်မှာ အိမ်သာတောင်မရှိခဲ့ဘူး။ ဒါပေမဲ့ သူလက်မလျှော့ဘဲ နည်းလမ်းမျိုးစုံကြိုးစားခဲ့တယ်။ သူလျှောက်ရတဲ့လမ်းကကြမ်းတယ်။ ဆူးငြှောင့်တွေများသလို မျက်နှာနှစ်မျိုးနဲ့လူတွေနဲ့လည်းဆုံရတယ်။ ကံကောင်းမှုတစ်ခုက သူ့အိပ်မက်တွေကို ပျက်ရယ်မပြုဘဲ ယုံယုံကြည်ကြည်နဲ့ နောက်ကနေစိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ သူဆုံခဲ့ရတယ်။ သူမမှာလည်း သူ့လိုမျိုးအိပ်မက်ရှိသလို ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့ လက်တွေ့ဘဝကို ထင်ဟပ်တဲ့ရုပ်ရှင်ကားဖြစ်လို့ အခက်အခဲတွေက မကုန်ခမ်းနိုင်ဘူး။
ကိုယ့်အိပ်မက်တွေနောက်ကို လိုက်နေသူတစ်ယောက်ရဲ့ ဇွဲလုံ့လနဲ့ အရည်အချင်းတွေကို ဒီကားမှာပြထားသလို၊ မအောင်မြင်ချိန်မှာပစ်ပယ်ပြီး အောင်မြင်ချိန်မှပေါ်လာတတ်တဲ့ မိတ်ဆွေတုတွေလည်းပါတယ်။ ဘဝမှာ “ပိုက်ဆံ”ဆိုတာက စာလုံးနှစ်လုံးတည်းပေမဲ့ အရမ်းစကားပြောတာကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးဆိုလည်း မမှားပါဘူး။
Download | Quality | Server | Size |
---|---|---|---|
480p | ⚡Fast Drive | 572 MB | |
720p | ⚡Fast Drive | 961 MB | |
1080p | ⚡Fast Drive | 1.76 GB | |
480p | G Drive | 572 MB | |
720p | G Drive | 961 MB | |
1080p | G Drive | 1.76 GB | |
480p | Solid Drive | 572 MB | |
720p | Solid Drive | 961 MB | |
1080p | Solid Drive | 1.76 GB | |
480p | Yandex | 572 MB | |
720p | Yandex | 961 MB | |
1080p | Yandex | 1.76 GB | |
480p | Backup | 572 MB | |
720p | Backup | 961 MB | |
1080p | Backup | 1.76 GB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 572 MB | |
720p | Yandex | 961 MB | |
1080p | Yandex | 1.76 GB | |
480p | Backup | 572 MB | |
720p | Backup | 961 MB | |
1080p | Backup | 1.76 GB |