
အတော်လေးစိတ်ဝင်စားဖို့ကောင်းပြီး တရားခံဘယ်သူလဲဆိုတာ ကြည့်ရင်းစဉ်းစားလို့ကောင်းတဲ့ အိန္ဒိယမှုခင်းကားကောင်းလေးတစ်ကားပါ။ Rating 6.4 ရထားပြီး ရုပ်မချောပေမဲ့ သရုပ်ဆောင်ကောင်းတဲ့မင်းသားကြီး Manoj Bajpai ကရဲအရာရှိအဖြစ် အဓိကဇာတ်ကောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ သရုပ်ဆောင်မျက်နှာသစ်တွေကို ထည့်သုံးထားပေမဲ့ ဇာတ်လမ်းဇာတ်အိမ် အတော်လေးနက်နဲပြီး
သီချင်းတွေ အကအလှတွေမပါတဲ့ ရှားပါးအိန္ဒိယဇာတ်ကားတွေထဲက တစ်ကားပါ။
ဇာတ်လမ်းရဲ့အစမှာ လူငယ်ကျောင်းသားတစ်သိုက်မှာ ခြေလျင်တောင်တက်ခရီးထွက်ရင်းတောင်ကုန်းထိပ်မှာ အနားယူနေတုန်း ဖုန်းသံတစ်သံကြားလိုက်ရပါတယ်။ သူတို့မှာပါတဲ့ဖုန်းသံမဟုတ်ဘဲတစ်နေရာမှ ထွက်ပေါ်လာတဲ့ဖုန်းသံပါ။ ထိုလူငယ်တစ်သိုက်ဟာ ဖုန်းသံကြားရာနေရာကို လိုက်ရှာပြီးဖုန်းကို ငါတွေ့ရင် ငါယူပြီးရောင်းစားမယ် ဘာညာနဲ့ ပျော်မြူးနေတာပါ။ အဲဒီလိုလိုက်ရှာရင်းနဲ့တစ်နေရာမှာ ဆိုးဆိုးဝါးဝါးအနံ့တစ်ခုနဲ့အတူ လူသေလောင်းတစ်လောင်းကို တွေ့လိုက်ပါတော့တယ်။
လူငယ်တစ်သိုက်ဟာ ရဲကိုအကြောင်းကြားတဲ့နောက်မှာတော့ ထိုအလောင်းဟာ လူပျောက်တိုင်ချက်အဖွင့်ခံထားရတဲ့တရားသူကြီးချော်ဒရီရဲ့သမီးဖြစ်သူ ပူဂျာချော်ဒီရီဖြစ်နေပါတော့တယ်။ ပူဂျာဘယ်လိုအသတ်ခံရတာလဲဘယ်သူသတ်တာလဲဆိုတာကို ဒီဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ မိုးအေးအေးနဲ့ ကော်ဖီတစ်ခွက်ဇိမ်ခံသောက်ပြီး ကြည့်ရင်တော့ရှယ်ပဲပေါ့ဗျာ။