
“SHADOW”ရုပ်ရှင်ကားကြီးက တရုတ်ပြည်က နာမည်ကြီးဒါရိုက်တာ Zhang Yimou ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်ရုပ်ရှင်အများစုမှာပြသရတဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။
တရုတ်ရှေးကားတစ်ကားဖြစ်ပြီး ရှေးတရုတ်မင်းဆက်တွေရဲ့အခြေအနေကို စိတ်ကူးပုံဖော်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ စစ်သူကြီးက လေ့ကျင့်မွေးမြူပေးထားပြီးသူ့ရဲ့အရိပ်အဖြစ် တာဝန်ထမ်းဆောင်နေရတဲ့ လူတစ်ယောက်၊ မိမိရဲ့ ကျင်းမြို့တော်ကို ပြန်ရယူဖို့မကြိုးစားဘဲ စစ်သူကြီးကိုသံသယဝင်နေတဲ့ ဘုရင်၊ စစ်သူကြီးအစစ်ရဲ့ ဘေးမှာခစားရတဲ့ စစ်သူကြီးရဲ့အမျိုးသမီး၊ မင်းကြီးနဲ့စိတ်နေစိတ်ထားမတူတဲ့ မင်းကြီးရဲ့ညီမ၊ ဒီဇာတ်ကောင်တွေကို အသက်ဝင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
စစ်သူကြီးရဲ့အရိပ်က ကျင်းမြို့တော်ကိုပြန်ရအောင်လုပ်နိုင်မလားအယောင်ဆောင်လင်မယားအဖြစ် နေနေရတဲ့ စစ်သူကြီးရဲ့အရိပ်နဲ့ စစ်သူကြီးရဲ့ဇနီးတို့ရဲ့ မဖော်ပြနိုင်တဲ့အချစ်တွေကို လှည့်ကွက်တွေသုံးပြီးပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် စိတ်ဝင်စားစရာကောင်းပြီး တွေးစရာတွေလည်းပေးတယ် Rating လည်းကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်လို့ကြည့်စေချင်ပါတယ်။
Translator: Moh Moh