
ဒီကားလေးကတော့ 2019 မှအသစ်စက်စက် ထွက်ရှိထားတဲ့ Horror, Sci-Fi အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပြီး IMDb rating 5.7/10 အထိရရှိထားပါတယ်။
ဒီကားလေးရဲ့အစမှာ ရှီဘန်ဆိုတဲ့ကောင်မလေးဟာ ရေနက်ပိုင်းကကပ်ပါးကောင်တွေကို သုတေသနပြုလုပ်ရင်း ပါရဂူဘွဲ့ယူဖို့လုပ်နေတာပါ။ ဒီလိုနဲ့သူဟာ တစ်နေ့မှာပင်လယ်ထဲကို ငါးဖမ်းသွားတဲ့ စက်လှေတစ်စီးနဲ့လိုက်ပြီး ရေထဲကိုလေ့လာဖို့ ကြိုးစားပါတယ်။
အစကတော့ ဒီအတိုင်းရေနေသတ္တဝါတွေကို ဓာတ်ပုံရိုက်ယူတာနဲ့ ရေငုပ်တာလောက်လုပ်ဖို့ပဲ တွေးထားပေမဲ့ သူလိုက်သွားတဲ့စက်လှေကပ္ပတိန်က ငါးမဖမ်းရတဲ့ကန့်သတ်နယ်မြေကို ဘယ်သူမှမသိအောင်ခိုးသွားလိုက်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့တစ်တွေလှေပေါ်မှာ ဘာတွေဆက်ကြုံရမလဲ ပင်လယ်ထဲမှာဘယ်လိုအန္တရာယ်တွေ ရှိနေမလဲ။ အရေးကြုံလာတဲ့အခါ လူတွေရဲ့စိတ်ဓာတ်တွေ ဘယ်လိုပြောင်းလဲကုန်လဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။