
ပြည်တွင်းမှာ ကွန်မန်ဒို မင်းသားလို့ လူသိများကြတဲ့ Vidyut Jammwal ရဲ့အက်ရှင်ကားသစ်ဖြစ်ပါတယ်။
ဇာတ်လမ်းအနေနဲ့ ဗီဗန်းဟာ MMA ဆရာတစ်ဦးဖြစ်ပြီး သူ့ဇနီးသည်နှလုံးရောဂါနဲ့ အော်ပရေးရှင်းအပြီးဆေးရုံဆင်းကာနီး သွားကြိုနေတဲ့အချိန်မှာ ဆေးရုံကိုလက်နက်ကိုင်တစ်စုက ဝင်ရောက်စီးနင်းမှုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအချိန် အခိုက်အတန့်မှာ ဗီဗန်းက ကားပါကင်ကိုရောက်နေတဲ့အချိန်ဖြစ်ပြီး ဇနီးသည်နဲ့ တစ်ကွဲစီဖြစ်နေတဲ့အချိန်ပါ။ လူဆိုးတွေ ဓားစာခံဖမ်းဆီးခေါ်ဆောင်ခံရတဲ့အထဲ သူ့ဇနီးသည်ပါဝင်သွားပြီး ပြင်ပကရဲတပ်ဖွဲ့တွေအထဲကိုဝင်ဖို့မဖြစ်နိုင်လောက်တဲ့အခြေအနေ၊ အကူအညီရဖို့အလှမ်းကွာလှချိန်မှာ ဗီဗန်းတစ်ယောက်ဖြစ်တဲ့နည်းနဲ့ သူ့ဇနီးနဲ့တကွဓားစာခံတွေကို ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။
ဇာတ်စတည်ကတည်းက အချိန်ဆွဲနေ အီမနေပဲလိုရင်းဆီကိုသွက်သွက်သွားထားပြီး အက်ရှင်ခန်းတွေအပေါ်မှာပဲဇာတ်ကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ Vidyut ဟာတကယ်တမ်းလဲကိုယ်ခံပညာကိုဆရာအဆင့်ထိကျွမ်းကျင်သူဖြစ်တဲ့အပြင် ဇာတ်လမ်းတွေမှာ စတန့်မန်း မသုံးပဲ ကိုယ်တိုင်လုပ်ဆောင်တတ်သူ အဖြစ်လူသိများပြီး ဘောလိဝုဒ်ရဲ့ ခေတ်သစ်အက်ရှင်ဟီးရိုးလို့တောင် ခေါ်ဆိုခံရသူပါ။
ဒီဇာတ်ကားမှာလဲ စနစ်တကျလေ့ကျင့်ထားပြီး သေသပ်လှပကွက်တိကျနေတဲ့ လက်ဗလာနဲ့ ရင်ဆိုင်တိုက်ခိုက်ခန်းတွေ၊ နိုင်ငံတကာအဆင့်မှီ အက်ရှင်ခန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။အက်ရှင်ပရိသတ် ကွန်မန်ဒိုပရိသတ် Vidyut ပရိသတ်တွေ လက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကားပါပဲ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 1.10 GB | |
720p | Solid Drive | 545 MB | |
480p | Solid Drive | 326 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.10 GB | |
720p | ⚡Fast Drive | 545 MB | |
480p | ⚡Fast Drive | 326 MB | |
🔥 1080p 5.1CH | G Drive | 1.10 GB | |
720p | G Drive | 545 MB | |
480p | G Drive | 326 MB |