
ဒီတစ်ခါတော့ ဒုတိယကမ္ဘာစစ်နောက်ခံကျောရိုး မိကျောင်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဖြစ်ရပ်က ရမ်းဗြဲကျွန်းကို ဂျပန်တွေကျူးကျော်သိမ်းပိုက်ထားတဲ့လက်ကနေ အင်္ဂလိပ်နဲ့အိန္ဒိယတပ်သားတွေ ပြန်တိုက်ယူတုန်း ဖြစ်ပွားခဲ့တာပါ။ ရမ်းဗြဲကျွန်းက မိကျောင်းတွေကြောင့် ဂျပန်တပ်သားအတော်များများ မိကျောင်းစာမိခဲ့ပြီး ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းဝင်တဲ့အထိ ဆိုးဆိုးဝါးဝါး အသေအပျောက်များခဲ့ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ဂျပန်တွေတပ်စွဲထားတဲ့ ရမ်းဗြဲကျွန်းကို မဟာမိတ်တွေပြန်သိမ်းချင်ပေမဲ့ သူတို့လက်နက်တိုက်တည်နေရာကို မသိရလို့ တိုက်စစ်ဆင်ဖို့အခက်တွေ့နေပါတယ်။ အဲဒါကြောင့်ပဲ လက်နက်တိုက်ရဲ့တည်နေရာကိုရှာဖို့ ကင်းထောက်တပ်ဖွဲ့အဖြစ် ဟဲရစ်တို့ကိုလွှတ်လိုက်ပါတယ်။ သူတို့တာဝန်က ဂျပန်တွေရဲ့လက်နက်တိုက်ကို ဓာတ်ပုံရိုက်ပြီး လေတပ်ဆီပို့ပေးဖို့ပါ။ စစ်ဆင်ရေးမှာ အခက်ခဲဆုံးအပိုင်းက ကျွန်းကနွံတောတွေနဲ့ပြည့်နေပြီး အလယ်ကနေဖြတ်သွားလို့မရဘဲ ကမ်းရိုးတန်းတစ်လျှောက် ပတ်သွားနေရတာပါ။ ဒါပေမဲ့ သူတို့တွေနွံတောကိုမဖြတ်ရင်မဖြစ်တဲ့ အခြေအနေနဲ့ကြုံလာရချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲကို ဒီကားမှာရှုစားရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့လည်း ပက်သက်တဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းပါတယ်နော်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | G Drive | 1.14 GB | |
720p | G Drive | 442 MB | |
480p | G Drive | 263 MB | |
🔥 1080p 5.1CH | G Drive | 1.14 GB | |
720p | G Drive | 442 MB | |
480p | G Drive | 263 MB | |
🔥 1080p 5.1CH | Solid Drive | 1.14 GB | |
720p | Solid Drive | 442 MB | |
480p | Solid Drive | 263 MB |