
ဒိုင်ယန်းဆိုတဲ့ မိခင်တစ်ယောက် ဟာ ကလေးငယ်တစ်ယောက်ကို လမစေ့ပဲမွေးခဲ့တယ်။ ပုံမှန်ဟုတ်ပုံမရတဲ့ သူ့ကလေးကိုကြည့်ရင်း သူအဆင်ပြေသွားမှာလားဆိုတဲ့မေးခွန်းကို စိုးရိမ်စိတ်အပြည့်နဲ့မေးခဲ့ပေမယ့် သူ့အမေးကို ဆရာဝန်တွေ မတုန့်ပြန်ခဲ့ကြပါဘူး။
နှစ်ကာလတစ်ချို့ကြာပြီးတဲ့နောက်မှာတော့ ဒိုင်ယန်းကို ကလေးကိုအိမ်မှာစာသင်ပေးနေတဲ့မိခင်တွေ သူတို့ကလေးတွေ အထက်တန်းကျောင်းအောင်မြင်ပြီးတဲ့နောက်ကောလိပ်ကိုသွားကြရမယ့်အကြောင်းဆွေးနွေးတိုင်ပင်ကြတဲ့ အခန်းထဲမှာတွေ့ရတယ်။ တစ်ခြားမိဘတွေ တစ်ချိန်လုံး သူတို့မျက်စိအောက်မှာရှိနေခဲ့တဲ့ ကိုယ့်ရင်သွေးကို အဝေးကြီးကိုလွှတ်လိုက်ရမှာ စိတ်မချပူပန်နေကြပေမယ့် ဒိုင်ယန်းကတော့ သူ့သမီးဟာ ထက်မြက်ပြီးပါးနပ်တဲ့အတွက် သူမရှိလဲအဆင်ပြေမှာပါလို့ဆိုတယ်။
ဒိုင်ယန်းသမီးဖြစ်တဲ့ ကလိုဝီဟာ ဘီးတပ်ကုလားထိုင်ပေါ်မှာနေထိုင်ရပြီး ဆီးချို၊ပန်းနာ နှလုံးမူမမှန်မှု စတဲ့ရောဂါတွေအတွက် ဆေးတွေမပြတ်သောက်နေရတဲ့ကလေးမတစ်ယောက်၊ ကောလိပ်တက်ဖို့စာပြန်အလာကိုစောင့်ဆိုင်းနေတဲ့အချိန် တစ်ဖြည်းဖြည်း သူ့မိခင်ရဲ့ မူမမှန်မှုတွေ သူ့အပေါ်ပုံမှန်ထက် လွန်ကဲပြီးချုပ်ချယ်တဲ့ဘက်ကိုရောက်နေတဲ့ စိုးရိမ်ပူပန်မှုတွေအပေါ်သံသယဝင်လာတဲ့အချိန်မှာ တစ်ဖြည်းဖြည်း ရုပ်လုံးပေါ်လာတာတွေကတော့..။
Run ဟာပြီးခဲ့တဲ့ ၂၀၁၈ က နာမည်ကျော်သွားခဲ့တဲ့ Searching ရဲ့ဒါရိုက်တာ Aneesh Chaganty ရဲ့နောက်ထပ်လက်ရာ Thriller တစ်ခုဖြစ်ပါတယ်၊ American horror stories, Birdbox တို့ရဲ့ နာမည်ကျော်မင်းသမီး Sarah Paulson ခေါင်းဆောင်ပါဝင်ထားပြီး ကလိုဝီအဖြစ်ကတော့မျက်နှာသစ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Kiera Allen ကအပြိုင်ကျဲထားပါတယ်။ဇာတ်လမ်းကိုအကောင်းဆုံးပံ့ပိုးနိုင်ခဲ့တာကလဲ သူတို့နှစ်ယောက်ရဲ့အားပြိုင်မှုနဲ့ ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။
ဝေဖန်ရေးသမားတွေရဲ့အကောင်းမြင်မှတ်ချက်တွေနဲ့အတူ IMdb rating 6.7, Rotten Tomatoes 94% ရရှိထားပြီးလက်လွတ်မခံသင့်တဲ့ ကားကောင်းတစ်ကားပါ။
Download | Quality | Server | Size |
---|---|---|---|
🔥 4K | ⚡Fast Drive | 2.28 GB | |
🔥 4K | G Drive | 2.28 GB | |
🔥 4K | Solid Drive | 2.28 GB | |
🔥 4K | Backup | 2.28 GB | |
480p | ⚡Fast Drive | 202 MB | |
720p | ⚡Fast Drive | 305 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 812 MB | |
480p | G Drive | 202 MB | |
720p | G Drive | 305 MB | |
🔥 1080p 5.1CH | G Drive | 812 MB | |
480p | Solid Drive | 202 MB | |
720p | Solid Drive | 305 MB | |
🔥 1080p 5.1CH | Solid Drive | 812 MB | |
480p | Yandex | 202 MB | |
720p | Yandex | 305 MB | |
🔥 1080p 5.1CH | Yandex | 812 MB | |
480p | Backup | 202 MB | |
720p | Backup | 305 MB | |
🔥 1080p 5.1CH | Backup | 812 MB |
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 202 MB | |
720p | Yandex | 305 MB | |
🔥 1080p 5.1CH | Yandex | 812 MB | |
480p | Backup | 202 MB | |
720p | Backup | 305 MB | |
🔥 1080p 5.1CH | Backup | 812 MB |