
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလတွေဆီက Transformer ဇာတ်ကားတွဲတွေ နဲ့ ယောက်ျားထုကြီးအသဲစွဲဖြစ်ခဲ့တဲ့ မမ မီဂန်ဖောက်စ်ပြန်ရောက်လာပါပြီ။
အသက်အရွယ်နဲ့မမျှ ရင်ဆိုင်ခဲ့ရတဲ့ တိုက်ပွဲတွေရဲ့ကြမ်းတမ်းမှုတွေကြောင့် စိတ်ဓာတ်မာကြောနေတဲ့ ကြေးစားတပ်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်၊ သူပုန်တွေအုပ်စိုးတဲ့ နယ်မြေထဲမှာ စစ်အာဏာရှင်တစ်ယောက်ရဲ့ ပြန်ပေးဆွဲခံရတဲ့သမီးကို ကယ်တင်ဖို့ ငှားရမ်းခံခဲ့ရတယ်။ သူ ဦးဆောင်တဲ့အဖွဲ့ဟာ ရန်သူ့နယ်မြေကိုဝင်စီးရင်း လာကယ်တဲ့ ရဟတ်ယာဉ်ပျက်ကျသွားရာကနေ တောရိုင်းတိရိစ္ဆာန်တွေ ကြီးစိုးတဲ့ အရိုင်းနယ်မြေထဲမှာ တစ်ညတာ ဖြတ်သန်းရဖို့ဖြစ်လာပါတော့တယ်။
သူတို့နောက်ကနေ ကယ်တင်လာခဲ့တဲ့ အရေးကြီးစစ်အာဏာရှင်သမီးကို ပြန်ရဖို့ အသေရရ အရှင်ရရ ပြန်လိုက်မယ့် သူပုန်တပ်ဖွဲ့ရှိတယ်။ လမ်းခရီးမှာ ရင်ဆိုင်ရမယ့်တောကောင်တွေ အန္တရာယ်ရှိတယ်။ နောက်ဆုံး သူတို့ဝင်ခိုလှုံမယ့်နေရာကပါ ခြင်္သေ့မွေးမြူရေးစခန်းဟောင်းတစ်ခုဖြစ်ပြီး လူတွေကို ရန်သူလို သဘောထားချောင်းမြောင်းနေပြီး ဉာဏ်များတဲ့ ခြင်္သေ့နာတစ်ကောင်ရှိနေတယ်ဆိုတာ သူတို့မသိခဲ့တဲ့အခါ…
တစ်ချိန်လုံး နီးပါး ဆော်နေကြတဲ့ တကယ့်ကို Non-stop Action ကားအစစ်ပါပဲ။ မီဂန်ဖောက်စ်ပရိသတ်တွေလဲ အလွမ်းပြေကြပါလိမ့်မယ်။
Watch online | Server | Quality | Size |
---|---|---|---|
Watch online | Yandex | 480p | 430 MB |
Watch online | Yandex | 720p | 761 MB |
Watch online | Yandex | 1080p | 1.52 GB |