
ဒီကားလေးကတော့ နဂါးတွေကိုကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့စေမဲ့ 2002ခုနှစ်ကထွက်ရှိထားတဲ့ Action, Adventure, Fantasy အမျိုးအစား ရုပ်ရှင်ကားလေးဖြစ်ပြီး IMDb rating 6.2/10အထိ ရရှိထားပါတယ်။
ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင် ကွင်းဆိုတဲ့ကောင်လေးရဲ့အမေဟာ မြေအောက်ရထားလှိုဏ်ခေါင်းအတွက် အစီအစဥ်ဆွဲရတဲ့အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီးတော့ မြေအောက်မှာလှိုဏ်ခေါင်းတူးရင်း အလုပ်လုပ်နေတာပါ။ တစ်နေ့မှာကွင်းက သူ့အမေဆီသွားလည်ခဲ့ပြီး မြေအောက်ထဲမှာ လှိုဏ်ဂူလိုနေရာတစ်ခုတွေ့ရှိခဲ့ရပါတယ်။ အဲဒီထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့နဂါးတွေရှိပြီး နိုးထလာချိန်မှာတော့ အစာကွင်းဆက်ထိပ်ဆုံးမှာရပ်တည်ပြီး မြင်မြင်သမျှသက်ရှိတွေကို စားသုံးပါတော့တယ်။
နဂါးတွေကြောင့် လူသားတွေမျိုးတုံးသွားလောက်အောင် ခြိမ်းခြောက်ခံနေရချိန်မှာ လူသားတွေဘယ်လိုမျိုး ရှေ့ဆက်ကြမလဲ။ မြင်မြင်သမျှ သက်ရှိသက်မဲ့တွေကို မီးလောင်တိုက်သွင်းပစ်နိုင်တဲ့ ဧရာမသတ္တဝါကြီးတွေနဲ့ လူသားတွေကြားက မျိုးနွယ်တစ်ခုဆက်ရှင်သန်ဖို့ ကြိုးစားတဲ့ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာကိုတော့ ဒီကားလေးမှာရှုစားလိုက်ကြပါဦး။
Watch online | Quality | Server | Size |
---|---|---|---|
480p | Yandex | 326 MB | |
720p | Yandex | 558 MB | |
1080p | Yandex | 1.17 GB |