
လောလောဆည် နာမည်ကျော်ကြားလူကြိုက်များနေတဲ့၊ ထွေလာစမိတ်ဆက်ချိန်ကတည်းကလည်ပင်းရှည်အောင်မျှော်ခဲ့ရတဲ့Red Notice ဖြစ်ပါတယ်။
အက်ဖ်ဘီအိုင်ရဲ့ ထိပ်သီးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ John Hartley (Dwayne Johnson) အင်တာပိုနဲ့ပူးပေါင်းပြီးထိပ်တန်းအနုပညာသူခိုးတစ်ဦးဖြစ်တဲ့ Nolan Booth (Ryan Reynolds) ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့ပေမယ့် တစ်စုံတစ်ဦးရဲ့အကွက်ဆင်ချောက်ချမှုကြောင့် သူကိုယ်တိုင် Booth နဲ့အတူထောင်ကျတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးကို လှည့်စားခဲ့သူကတော့ Booth ရဲ့ပြိုင်ဘက် The Bishop” (Gal Gadot) လို့ခေါ်တဲ့ သူခိုးလို့မခေါ်ရက်စရာမိန်းမလှလေးတစ်ယောက်ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လုံးရဲ့ ပစ်မှတ်ကတော့ ရှေးဟောင်းသမိုင်းဝင်အဖိုးမဖြတ်နိုင်တဲ့ ရတနာဥသုံးလုံးဖြစ်ပြီးအဲ့ဒီနှစ်ယောက်ရဲ့ ဉာဏ်ရည်ကစားပွဲထဲကို John Hartley ကိုယ်တိုင် မဖြစ်မနေပါဝင်လာရပါတော့တယ်။
ငွေပုံအောသုံးပြီး ထိပ်တန်းသရုပ်ဆောင်တွေပစ်ထည့်ထားတဲ့ဖျော်ဖြေရေးဇာတ်ကားပီပီ ခမ်းနားလှပတဲ့ရှုခင်းတွေ ဆက်တင်အမိုက်စား အက်ရှင်ခန်းအကြမ်းစားတောက်လျှောက်ဖောက်နေတဲ့ဟာသကွက်တွေနဲ့ ပျော်စရာကောင်းနေပါတယ်။ဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့ မမ Gal Gadot ဖြစ်ပြီးတော့ သူစပေါ်လာကတည်းက ဖန်သားပြင်ကြီးတစ်ခုလုံးကျက်သရေရှိတင့်တယ်လှပသွားပြီး ဘယ်အချိန်ပြန်ပေါ်လာမလဲ မျှော်မျှော်နေရတဲ့အထိပါပဲ။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 1.75 GB | |
720p | Solid Drive | 649 MB | |
480p | Solid Drive | 383 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 1.75 GB | |
720p | ⚡Fast Drive | 649 MB | |
480p | ⚡Fast Drive | 383 MB | |
🔥 1080p 5.1CH | G Drive | 1.75 GB | |
720p | G Drive | 649 MB | |
480p | G Drive | 383 MB |