
ဒီတစ်ခါတော့ Ip Manမင်းသားကြီး Donnie Yenနဲ့ Nicholas Tseတို့ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ကား ကြမ်းကြမ်းလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။
ဇာတ်လမ်းအကျဥ်းကတော့ ရဲအရာရှိကျန်းအားပေါင်နဲ့ အားငူတို့နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေပါ။ ဒါပေမဲ့ တစ်နေ့မှာ လူဆိုးနောက်လိုက်ရင်း အားငူစစ်မေးတာ လက်လွန်သွားပါတယ်။ ဒါကြောင့် လူသေမှုနဲ့တရားရုံးတင်ခံရပြီး ထောင်လေးနှစ်ကျသွားပါတယ်။ ဒါပေမဲ့ သူထောင်ကျရတာ အားပေါင်နဲ့အထက်အရာရှိတွေ သူ့ဘက်ကကာကွယ်မထွက်ဆိုပေးလို့ဆိုပြီး စိတ်စွဲသွားခဲ့တဲ့အားငူတို့အဖွဲ့ဟာ ထောင်ကလွတ်လာချိန်မှာ ရန်ကြွေးတွေကို သွေးကြွေးဆပ်ဖို့လုပ်လာပါတော့တယ်။ တစ်ခါကရဲတပ်ဖွဲ့ဝင်ဖြစ်ခဲ့ဖူးတဲ့ အားငူတစ်ယောက် ရဲတပ်ဖွဲ့ကိုပြန်ဒုက္ခပေးလာချိန်မှာ ဘယ်လိုတွေဆက်ဖြစ်ကုန်မလဲ။ အားငူလက်ချက်နဲ့ ရဲတပ်ဖွဲ့ဝင်တွေပါ သေဆုံးကုန်တဲ့အခါ တစ်ချိန်ကသူ့သူငယ်ချင်းအားငူကိုဖမ်းနိုင်ဖို့ အားပေါင်တစ်ယောက်ကြိုးစားပုံတွေကို အမိုက်စားအက်ရှင်ခန်းတွေနဲ့ ရိုက်ပြထားတာပါ။
လောကကြီးက အဖြူနဲ့အနက်ပဲမဟုတ်ဘဲ မီးခိုးရောင်တွေများပါတယ်တဲ့။ လူကောင်းကလည်း မကောင်းတာလုပ်မိတာမျိုးရှိပြီး လူဆိုးကလည်း တစ်ခါတစ်လေကောင်းတာလုပ်တာမျိုးရှိပါတယ်။ ဘယ်သူမှအမြဲမမှန်နိုင်ပါဘူး။ အမှားနဲ့အမှန်ဆိုတာ ဒင်္ဂါးပြားရဲ့မျက်နှာပြင်နှစ်ခုလို နီးနီးလေးဆိုတာကို သိသာအောင်ရိုက်ပြထားလို့ ဘယ်သူမှန်လဲမှားလဲကိုတော့ ကိုယ့်ဟာကိုယ်ပဲကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါနော်။
Download | Quality | Server | Size |
---|---|---|---|
🔥 1080p 5.1CH | Solid Drive | 2.07 GB | |
720p | Solid Drive | 862 MB | |
480p | Solid Drive | 498 MB | |
🔥 1080p 5.1CH | ⚡Fast Drive | 2.07 GB | |
720p | ⚡Fast Drive | 862 MB | |
480p | ⚡Fast Drive | 498 MB | |
🔥 1080p 5.1CH | G Drive | 2.07 GB | |
720p | G Drive | 862 MB | |
480p | G Drive | 498 MB |